နေ့စဉ်ဘဝမှာ အလုပ်တွေ မှန်မှန်ပြီးမြောက်ဖို့အတွက် Motivation တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ Energy နဲ့ အချိန်စီမံခန့်ခွဲမှု၊ Emotion စီမံမှု စတာတွေအပြင် တခြား Productivity နည်းစနစ်များစွာ အသုံးပြုဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ Personal Productivity စွမ်းဆောင်ရည်တိုးမြင့်လာခြင်းဟာ ကိုယ့်ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ ပိုပြီး နီးကပ်လာခြင်းပဲ ဖြစ်ပါတယ်။
ဒီနေ့ Digital ခေတ်ကြီးထဲမှာ လူအများစုက Facebook, Digital Wallet, Netflix စတဲ့ apps တွေကို တွင်ကျယ်စွာ အသုံးပြုနေကြပေမယ့် Notion, Lucid စတဲ့ Productivity မြှင့်တင်ပေးနိုင်တဲ့ apps တွေကိုတော့ လူသိနည်းကြပါသေးတယ်။ Digital နည်းပညာဟာ လူသားတွေရဲ့ဘဝကို မြန်ဆန်၊ လွယ်ကူ၊ အဆင်ပြေချောမွေ့အောင် ကူညီပေးခဲ့တာ အမှန်ပါပဲ။ ကျွန်တော်တို့သာ Digital နည်းပညာကို Productivity အတွက် အကောင်းဆုံး အသုံးချနိုင်ရင် ကိုယ့်ရဲ့ စွမ်းဆောင်ရည်ဟာလည်း ဆယ်ဆမက တိုးတက်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် Digital Lifestyle and Personal Productivity Course ထဲမှာဆိုရင် Digital နည်းပညာကို ကိုယ့်ရဲ့ ဘဝနေထိုင်မှုမှာ အသုံးချပြီး Productivity မြှင့်တင်နိုင်မယ့် လျှို့ဝှက်ချက် 9 ခုကို သင်ပြပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းပြီးတဲ့နောက်မှာ Productivity တိုးတက်စေဖို့ လိုက်နာရမယ့် အချက်တွေ၊ စည်းမျဉ်းဥပဒေသတွေကို အပြည့်အစုံသိရှိသွားပြီး၊ Digital နည်းပညာနဲ့အတူ ပူးတွဲအသုံးချပုံကိုပါ ကောင်းကောင်း သဘောပေါက် နားလည်သွားမှာ ဖြစ်ပါတယ်။
သင်တန်းကနေ ဘာတွေလေ့လာရမလဲ?
-ကိုယ့်ရဲ့ Personal Productivity ကို 10X ဆယ်ဆတိုးတက်စေနိုင်မယ့် လျှို့ဝှက်ချက် 9 ခု
-နည်းပညာတိုးတက်လာမှုနဲ့အတူ Creator Mindset ထားတတ်ဖို့ အရေးကြီးလာပုံ၊ Creator Economy အကြောင်း
-နေ့စဉ်ရဲ့စွမ်းပကားကို အကောင်းဆုံး အသုံးချပြီး Habits တွေ တည်မြဲစေပုံ
-Productivity တိုးတက်စေဖို့ နည်းပညာမှာ ရင်းနှီးမြှုပ်နှံသင့်တဲ့ အကြောင်းအရင်း
-အောင်မြင်မှုအတွက် ကိုယ့်ကိုယ်ကို ပြန်သုံးသပ် Reflect လုပ်ဖို့ အရေးကြီးပုံ
-Reflect လုပ်တဲ့အခါ Journal ကိုနည်းစနစ်မှန်မှန် ရေးသားပုံ
-အလုပ်ပြီးမြောက်မှုအတွက် ကိုယ်ပိုင်စည်းမျဉ်းတွေ ပြတ်ပြတ်သားသား ဖန်တီးချမှတ်ထားသင့်ပုံ
-ကိုယ့်ကိုယ်ကို စနစ်တစ်ခုလို သတ်မှတ်ပြီး နေ့စဉ် Update လုပ်သွားသင့်ပုံ
-To-do-list ထက် စွမ်းအားပြင်း အသုံးဝင်တဲ့ Concept
-တိုးတက်မှုအတွက် တိုင်းတာဖို့ လိုအပ်ပုံ
-Energy တိုးတက်ဖို့ ကျန်းမာရေးနဲ့ Diet Plan အကြောင်း
-Fasting ရဲ့ အကျိုးကျေးဇူးများစတာတွေကို လျှို့ဝှက်ချက် 9 ခုနဲ့အတူ သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းကို ဘယ်သူတွေ တက်သင့်သလဲ?

လုပ်ငန်း ဦးဆောင်နေရတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ

အလုပ်ခွင်မှာ စီမံခန့်ခွဲနေရတဲ့ မန်နေဂျာများ

အလုပ်ပြီးမြောက်မှု တိုးတက်ချင်တဲ့ ဝန်ထမ်းများ

နေ့စဉ်ဘဝမှာ အလုပ်တွေမပြီးလို့ စိတ်ညစ်နေသူများ

Digital နည်းပညာကို စိတ်ပါဝင်စားသူများ

နည်းပညာကို Productivity အတွက် အသုံးချလိုသူများ

ဘဝကို ပိုကောင်းအောင် အပြောင်းအလဲလုပ်ချင်သူများ

တိုးတက်လိုစိတ် ပြင်းပြသူများ