success

(427) How successful people think

John C. Maxwell ရေးသားထားတဲ့ “How Successful People Think: Change Your Thinking, Change Your Life” ဆိုတဲ့ စာအုပ်လေးကတော့ အောင်မြင်သူတွေရဲ့ အလေ့အထ၊ အတွေးအမြင်၊ တွေးခေါ်ပုံတွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ လူတစ်ဦးရဲ့ အောင်မြင်မှုဆိုကတော့ သူ့ရဲ့အတွေးအမြင်တွေ၊ ရှုထောင့်တွေနဲ့ ဘဝကိုစနစ်တကျ ၑုံဖော်ခြင်းတွေကနေ အဓိကအားဖြင့် လွှမ်းမိုးလေ့ရှိပါတယ်။ စာရေးသူအနေနဲ့ အောင်မြင်တဲ့သူအများစု လက်ခံကျင့်သုံးလေ့ရှိတဲ့ အတွေးအခေါ်ပုံစံတွေ၊ အလေ့အကျင့်တွေကို သေချာရှင်းပြထားပြီး အလားတူ တွေးခေါ်ပုံတွေ၊ အလေ့အကျင့်တွေကို ကျင့်သုံးနိုင်ဖို့အတွက် ဒီစာအုပ်လေးထဲမှာ လမ်းညွှန်ပေးထားပါတယ်။ တကယ်လို့ မိတ်ဆွေက ဘဝမှာ အောင်မြင်မှုဆီကိုလျှောက်လှမ်းနိုင်ဖို့အတွက် အ‌ထောက်အကူဖြစ်စေတဲ့ တွေးခေါ်မှုပုံစံတွေ၊ ဘဝမှာရှိသင့်တဲ့ အလေ့အထတွေကို ပိုမိုသိရှိလေ့လာလိုတယ်ဆိုရင်၊ ဘဝမှာ အောင်မြင်ဖို့ လက်တွေ့ကျတဲ့ […]

(427) How successful people think Read More »

(263) The Practice of Groundedness

အောင်မြင်မှုတွေဟာ အမြဲပေးဆပ်မှုတွေနဲ့ ရောက်လာစမြဲပါ။ စိတ်ညစ်မှု၊ နေ့ညမနား ကြိုးစားမှု၊ မောပန်းမှုတွေဟာ အကောင်းဆုံး Performance ကို ရယူလိုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အနိုင်ရခြင်းရဲ့ အားတက်မှုက ကိုယ့်ကို ခဏလောက်ထပ်ပြီး ရှေ့ဆက်စေနိုင်ပေမယ့်၊ အချိန်ကြာတာနဲ့အမျှ ပြန်ပေးဆပ်ရမယ့်အရာတွေ ပိုပြင်းထန်လာနိုင်ပါတယ်။ Brad Stulberg ရဲ့ ‘The Practice of Groundedness’ စာအုပ်ထဲမှာဆိုရင် ပိုပြီး Healthy ဖြစ်သလို၊ ရေရှည်သွားနိုင်မယ့် အောင်မြင်မှု Model တစ်ခုကို မျှဝေသွားပါတယ်။ ဒီ Model ရဲ့ သည်းခြေကတော့ Groundedness ဖြစ်ပြီး၊ တင်းကျပ်တဲ့ Productivity ထက် တည်ရှိနေမှုကို ဦးစားပေးဖို့၊ တိုးတက်မှုက တသက်မတ်တည်း မဖြစ်တာကို လက်ခံဖို့၊ ရေရှည် Values နဲ့

(263) The Practice of Groundedness Read More »

(105) Principles by Ray Dalio

ကမ္ဘာ့အအောင်မြင်ဆုံး ရင်းနှီးမြှုပ်နှံသူနဲ့ စွန့်ဦးတီထွင် တစ်ယောက်ဖြစ်သူ Ray Dalio ဟာ သူ့ရဲ့ဘဝနဲ့ စီးပွားရေးလောကမှာ ရလဒ်ကောင်းတွေ ရရှိစေဖို့ တီထွင်ဖန်တီး၊ ပြန်လည်ဆန်းစစ်ပြီး နှစ် ၄၀ မျှ အသုံးပြုလာခဲ့တဲ့ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းဥပဒေသတွေကို `Principles´ စာအုပ်ထဲမှာ မျှဝေသွားမှာပဲ ဖြစ်ပါတယ်။ ဘယ်သူမဆို၊ ဘယ်လို လုပ်ငန်းအဖွဲ့အစည်းမဆို ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်ရှိဖို့အတွက် အဲ့ဒီနည်းစနစ်တွေက အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။ စာရေးဆရာက ဘဝ၊ စီမံခန့်ခွဲ့မှု၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အားလုံးက စည်းမျဉ်းစည်းကမ်းတွေအနေနဲ့ စနစ်တကျ ဖွဲ့စည်းထားနိုင်ပြီး၊ စက်ပစ္စည်းတွေလို သဘောပေါက်နားလည်နိုင်တယ်လို့ ဆိုပါတယ်။ စာအုပ်ရဲ့ ရာပေါင်းများစွာသော လက်တွေ့ဆန်တဲ့ သင်ခန်းစာတွေနဲ့အတူ စာရေးဆရာက လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ လုပ်ငန်းအဖွဲ့အစည်းတွေရဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းပုံ၊ သန်မာတဲ့ Teams တွေတည်ဆောက်ပုံတွေမှာ

(105) Principles by Ray Dalio Read More »

Toe Tet's Logo