Business

Company of One

(73) Company of One

Company of One ဆိုတာ ဘယ်လုပ်ငန်း အရွယ်အစားမဆို ကြီးထွားမှုတွေကို ရှောင်ရှားတဲ့ ချည်းကပ်နည်း ပုံစံအသစ်တစ်ခု ဖြစ်ပါတယ်။ Small Business အနေနဲ့ နေထိုင်ခြင်းအားဖြင့် ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ရှိတဲ့ အရာတွေနောက်လိုက်ဖို့ လွတ်လပ်မှု ပိုရှိလာမယ်၊ ဝန်ထမ်းတွေ၊ ရှည်လျားတဲ့ meeting တွေ၊ လုပ်ငန်းချဲ့ထွင်မှု ကိစ္စတွေကနေ ခေါင်းကိုက်ရတဲ့ အဖြစ်မျိုးတွေလည်း ရှောင်ရှားလာနိုင်ပါတယ်။ ‘Company of One’ စာအုပ်ဟာ တစ်မူထူးခြားတဲ့ စီးပွားရေး မဟာဗျူဟာတစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး၊ ကိုယ့်လုပ်ငန်းမှာ ဘယ်လိုအသုံးချနိုင်မလဲ၊ ငွေကြေးပုံမှန်လည်ပတ်နေအောင် ဘယ်လိုလုပ်ရမလဲ စတာတွေ ရှင်းပြပေးခဲ့ပါတယ်။ စာရေးဆရာ Paul Jarvis ဟာ ဖိအားတွေအောက်၊ လူထုရဲ့ အာရုံစိုက်မှုများစွာအောက်မှာ အလုပ်လုပ်ရတာဟာ သူ့ရဲ့အောင်မြင်မှုအတွက် စိတ်ကူးမဟုတ်မှန်း သိသွားတဲ့နောက် Corporate […]

(73) Company of One Read More »

(70) Challenger Brand – Eating the Big Fish

Eating the big fish က အကြံဉာဏ်တွေနဲ့ ပြည့်နှက်နေတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။ မိမိထက် ကြီးတဲ့ Competitorတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် မဟာနည်းဗျူဟာလိုပါတယ်။ ကျွန်တော်တို့ Brand အမျိုးအစား (၃)မျိုးခွဲလို့ရပါတယ်။ အဲ့ (၃)မျိုးကတော့ Market Leader၊ Challenger နှင့် Nature တို့ပဲ ဖြစ်တယ်။ အဲ့မှာမှ Nature ဆိုတာ Market သေးသေးလေးတွေကို Target ထားတာြဖစ်ပါတယ်။ ဒီစာအုပ်မှာကျတော့ Challenger တွေအနေနဲ့ ဘယ်လိုမျိုးခံယူချက်တွေရှိသင့်ကြောင်း၊ ယှဥ◌်ပြိုင်တော့မယ်ဆိုရင် ဘယ်လိုမျိုးStrategy တွေရှိသင့်ကြောင်း တွေကိုထိထိမိမိနဲ့ ရေးသားထားပါတယ်။ ကိုယ့် Marketမှဦ အရေးပါဆုံးဖြစ်တဲ့ Thought Leader ဖြစ်ဖို့ ကြိုးစားသင့်ပုံကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ထောက်ပြပေးနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ဒုတိယအသုတ်ထုတ်ထားတဲ့ စာအုပ်လေးမှာတော့ အင်တာဗျူး

(70) Challenger Brand – Eating the Big Fish Read More »

(69) Clockwork

စွန့်ဦးတီထွင်လုပ်ငန်းရှင် အများစုဟာ ကိုယ့်ရဲ့ Boss ဟာ ကိုယ်ကိုယ်တိုင်ဖြစ်ချင်ကြတယ်၊ ကိုယ်နဲ့ထိုက်တန်တဲ့ လုပ်အားခကို ရချင်ကြတယ်၊ ကိုယ့်ဘဝကို ကိုယ့်သဘောအတိုင်း ဖြတ်သန်းချင်ကြတာကြောင့် လုပ်ငန်းစတင်ခဲ့တတ်ကြတယ်။ တကယ့်လက်တွေ့မှာတော့ အလုပ်တွေဆီက ရုန်းမထွက်နိုင်ဖြစ်လာမယ်၊ ပြဿနာတွေ အမြဲဖြေရှင်းနေရမယ်၊ မပြီးဆုံးနိုင်တဲ့ မေးခွန်းတွေ ဖြေဆိုရမယ်၊ လုပ်ငန်းငွေဝင်ဖို့ အမြဲလုံးပန်းနေရတတ်ပါတယ်။Profit First စာအုပ်ရဲ့စာရေးဆရာ Mike Michalowicz ဟာ ဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ လမ်းစဥ်ကို  တစ်ဆင့်ချင်း​ချပြခဲ့ပါတယ်။ သူ့ရဲ့ `Clockwork´ စာအုပ်ထဲမှာဆိုရင် ၆ နှစ်ကျော်ကြာတဲ့ လေ့လာရှာဖွေတွေ့ရှိမှုတွေ၊ လက်တွေ့ဘဝအတွေ့အကြုံတွေက တစ်ဆင့် သူ့ရဲ့လုပ်ငန်းအပေါ် ချည်းကပ်နိုင်ပုံကို ရှင်းပြထားပါတယ်။ စွမ်းအားပြင်းတဲ့ မဟာဗျူဟာများစွာထဲကမှ•ကိုယ့်ရဲ့ဝန်ထမ်းတွေကို ပိုင်ရှင်သဖွယ် နေထိုင်ခိုင်းပုံ- ဝန်ထမ်းတွေကို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ တာဝန်လွှဲပြောင်းပေးပြီး ကိုယ်သက်သာရာရအောင်

(69) Clockwork Read More »

(68) The Hard Things About Hard Things

Andreessen Horowitz ရဲ့ Co-founder တစ်ယောက်ဖြစ်သူ Ben Horowitz ဟာ Silicon Valley ရဲ့အလေးစားခံရဆုံးနဲ့ အတွေ့အကြုံရှိဆုံး စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ Ben Horowitz ဟာ တည်ထောင်ကာစ လုပ်ငန်းသစ်တွေအတွက် Business ကျောင်းတွေမှာ မသင်ခဲ့ရတဲ့ ခက်ခဲတဲ့ပြဿနာတွေကို စီမံခန့်ခွဲနိုင်တဲ့ အသိပညာတွေ၊ အကြံဉာဏ်တွေကို `The Hard Thing About Hard Things´ စာအုပ်ထဲမှာ ပေးစွမ်းခဲ့ပါတယ်။ လူအများစုက လုပ်ငန်းတစ်ခုစတင်တာနဲ့ ပတ်သက်လို့ ကောင်းတဲ့အကြောင်းတွေပဲ ပြောတတ်ကြပြီး၊ လုပ်ငန်းတစ်ခု လည်ပတ်အောင် စီမံရခြင်းရဲ့ ခက်ခဲတဲ့အရာတွေကိုတော့ ရိုးရိုးသားသား ပြောဆိုကြတာ ရှားပါတယ်။ Ben Horowitz ဟာ လုပ်ငန်းရှင်တွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို သုံးသပ်ပြီး၊ နည်းပညာ

(68) The Hard Things About Hard Things Read More »

(67) 12 months to $1 Million

စွန့်ဦးတီထွင်ဆိုတဲ့ အခေါ်အဝေါ်ဟာ ဒီနေ့ခေတ်ရဲ့ ရေပန်းအစားဆုံး စကားလုံး တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အမှန်တကယ် အမြတ်ငွေဝင်ပြီး ရေရှည်တည်မြဲမယ့် လုပ်ငန်းတစ်ခု တည်ဆောက်ရတာဟာ နာရီပေါင်းများစွာ အလုပ်ထဲမှာ နှစ်မြုပ်ခြင်းနဲ့ ကြိုးစားခြင်းတွေ လိုအပ်ပါတယ်။ `12 Months to $1 Million´ စာအုပ်မှာဆိုရင် လုပ်ငန်းသစ်တွေကို တစ်နှစ်အတွင်းမှာ မီလီယံဒေါ်လာဝင်တဲ့ အဆင့်ကို ရောက်နိုင်မယ့် နည်းလမ်းကောင်းတွေ ဖော်ပြထားပါတယ်။ စာအုပ်ရဲ့တစ်နှစ်စာ Plan မှာဆိုရင် သင့်ရဲ့ပထမ $1 Million ရစေဖို့ အဆင့်(3)ဆင့်ကို လမ်းပြပေးထားပါတယ်။ •The Grind(Months 0-4): ဒီအဆင့်မှာတော့ ကိုယ်ကအနိုင်နဲ့ ပိုင်းနိုင်မယ့် Product Idea ကိုဖော်ထုတ်မယ်၊ ဝယ်မယ်လို့ အာမခံနိုင်တဲ့ ဖောက်သည်တွေကိုပဲ ပစ်မှတ်ထားမယ်၊ ငွေကြေးထောက်ပံ့မှုတွေ ရယူမယ်၊

(67) 12 months to $1 Million Read More »

(64) Value Proposition Design

လူသားတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ကုန်ပစ္စည်းတွေက အမြဲတမ်း အသစ်အသစ်တွေ ပေါ်ထွက်နေပေမဲ့ အကုန်လုံးကတော့ အောင်မြင်ကြတာ မဟုတ်ပါဘူး။ ဒီနေရာမှာ Product ကို Business Model ထဲက Value Proposition Design က အရေးပါပါတယ်။ Business Model Canvas မှာ မရှိမဖြစ် အရေးပါတဲ့ Value Proposition Design ကို သေချာဆွဲထားမှ Customer တွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒတွေ၊ ကိုယ့် Product ရဲ့ အားသာချက်တွေ စတာတွေကို သေချာသိမှာ ဖြစ်ပါတယ်။ ဒီလို သေချာဆွဲတတ်ဖို့ဆိုရင်တော့ Alexander Osterwalder ရဲ့ Value Proposition Design စာအုပ်က ကူညီပေးပါလိမ့်မယ်။ ဒီစာအုပ်ထဲမှာဆိုရင်

(64) Value Proposition Design Read More »

(63) Business Model Innovation Factory

Business Model ကိုဆန်းသစ်ပြောင်းလဲနေဖို့ဟာ လုပ်ငန်းရှင်တိုင်းအတွက် အရေးပါတဲ့ မဟာဗျူဟာတစ်ခု ဖြစ်လာပါတယ်။ Blockbuster ကုမ္ပဏီရဲ့အကြီးအကဲတွေဟာ Netflix ပေါ်လာတာကို သိမြင်နေခဲ့ပေမယ့် သူတို့ရဲ့ Business Model ဟောင်းကြီးကိုသာ ဖက်တွယ်နေတာကြောင့် ရှယ်ယာတန်ဖိုးပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ Business Model နဲ့ လူနေမှုစနစ်တွေကို ရှာဖွေဖော်ထုတ်၊ စမ်းစစ်နေတဲ့ စမ်းသပ်ခန်းကြီးတစ်ခုဖြစ်တဲ့ Business Innovation Factory(BIF) ရဲ့ အကြီးအကဲနဲ့ တည်ထောင်သူ စာရေးဆရာ Saul Kaplan ဟာ လုပ်ငန်းအဖွဲ့အစည်းတွေဟာ အပြောင်းအလဲမြန်တဲ့ ကမ္ဘာကြီးမှာ ယှဥ်ပြိုင်နိုင်ဖို့အတွက် Business Model တွေကို အမြဲဆန်းသစ်ပြောင်းလဲ နေရမယ်လို့ စာအုပ်ထဲမှာ ရေးသားထားပါတယ်။ အရင်တုန်းက CEO တွေဟာ Business Model တစ်ခုတည်းကိုသာ သူတို့ရဲ့ရာထူးသက်တမ်း တစ်လျှောက်ကို

(63) Business Model Innovation Factory Read More »

(62) Tipping Point

Idea, Trend တစ်ခု၊ လူနေမှု အကျင့်စရိုက်တစ်ခု Point တစ်ခုကို ရောက်ရှိပြီး တောမီးသဖွယ် ပျံ့နှံ့သွားတဲ့ အခိုက်အတန့်ကို `The Tipping Point´ လို့ခေါ်ပါတယ်။ နေမကောင်းတဲ့ သူတစ်ယောက်တည်းက ကပ်ရောဂါကို ပျံ့နှံ့စေနိုင်သလို၊ သေးငယ်ပြီး တိတိကျကျ ပစ်မှတ်ထားတဲ့ တွန်းအားလေးတစ်ခုကလည်း Fashion ရေစီးကြောင်း၊ Product အသစ် ကျော်ကြားမှု၊ ရာဇဝတ်မှု လျော့ဆင်းသွားမှု စတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ နာမည်ကြီး စာရေးဆရာ Malcolm Gladwell ရဲ့ ‘Tipping Point’ ဖြစ်စဉ်အပေါ် စူးစမ်းလေ့လာမှုနဲ့ ပုံဖော်မှုတွေဟာ ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့ Product တွေ ရောင်းချပုံ၊ Ideas ပျံ့နှံစေပုံတွေကို ပြောင်းလဲပေးခဲ့ပြီး Ideas နဲ့ Trends အသစ်တွေကို

(62) Tipping Point Read More »

The Automatic Customer

(59) Automatic Customers

John Warow ရေးသားထားတဲ့ The Automatic Customer စာအုပ်မှာ Subscription Model ကဘာလဲ။ Subscription Model ဘာကြောင့်အရေးကြီးတာလဲ။ Subscription Model 9  မျိုးက ဘာတွေလဲ ဆိုတာ ဖတ်ရမှာ ဖြစ်ပါတယ်။ Subscription ဆိုတာ Netflix, Apple Icloud, Library စတာ‌တွေလိုမျိုး လစဉ်ကြေးနဲ့သွားတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။  Customer က တစ်ခါ၀ယ်ပြီး နောက်တစ်ခါ၀ယ်ဖို့ လုပ်ဆောင်ရပါတယ်။ Subscriber ကကျ‌တော့ လစဉ်၀န်ဆောင်မှုကို သက်တမ်းတိုးနေမှာဖြစ်ပါတယ်။ ဒါကြောင့် Business Model ထဲက Subscription Model က အရေးပါတဲ့အတွက် Subscription အကြောင်း အသေးစိတ် တွေ့ရမှာ ဖြစ်ပါတယ်။  လုပ်ငန်းရှင်၊ စွန့်ဦးတီထွင်၊

(59) Automatic Customers Read More »

Built to sell

(54) Built to Sell

မိတ်ဆွေက စွန့်ဦးတီထွင်သူတယောက်လား? ကိုယ်မပါပဲ လုပ်ငန်းလည်ပတ်စေချင်တဲ့ သူတယောက်လား? ဒါဆိုရင် Built to sell က မိတ်ဆွေအတွက်ပါ။ စာရေးသူ John Warrillow က Design service ပေးတဲ့ လုပ်ငန်းကို ဥပမာပေး ရေးပြထားပါတယ်။ မိတ်ဆွေက လုပ်ငန်းကို သင်မပါပဲ လည်ပတ်စေချင်ရင် လုပ်ငန်းက မိတ်ဆွေ မရှိလည်း ဖြစ်အောင် လုပ်ထားရပါမယ်တဲ့။ မိတ်ဆွေက part of of the process ဖြစ်​ေနရင်တော့ တခြားသူနဲ့ လုပ်ငန်းကို လွှဲထားလို့မရပါဘူး။ ပြီးတော့ မိတ်ဆွေရဲ့ လုပ်ငန်းက specialized ဖြစ်နေရပါမယ်။ ဘာဖြစ်ဖြစ်ရောင်းနေတာမျိုးမဟုတ်ပဲ မိတ်ဆွေလုပ်ငန်းမှာ သီးသန့် ရောင်းတဲ့ service တခု ရှိနေရပါမယ်။ အရောင်းသမားခန့်တဲ့ အခါမှာလဲ တယောက်ပဲ

(54) Built to Sell Read More »

Toe Tet's Logo