Business

(1029) The New Business Road Test

The New Business Road Test ဆိုတဲ့ စာအုပ်လေးကတော့ John Mullins ရေးသားထားပြီး  စွန့်ဦးတီထွင်သူတွေနဲ့ ရင်းနှီးမြှပ်နှံသူတွေအတွက် startup တစ်ခုကို မစတင်မှီမှာ ကောင်းမွန်တဲ့ business idea တွေ ပေါ်ထွက်လာစေဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေပါရှိတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။  ဒီစာအုပ်လေးထဲမှာဆိုရင်တော့ Market Validation ရဲ့ အရေးပါပုံတွေ၊ စွန့်ဦးတီထွင်တွေအနေနဲ့ စမ်းသပ်သင့်တဲ့ နယ်ပယ်နဲ့ဈေးကွက် ၅ မျိုးအကြောင်းတွေ၊  Customer Analysis ပြုလုပ်နိုင်မယ့်နည်းလမ်းတွေနဲ့ Cash Flow အကြောင်းတွေအပါအဝင် ဖြစ်လေ့ရှိတဲ့ Pitfills တွေကို ရှောင်ရှားနိုင်ဖို့အတွက် ရေးသားဖော်ပြထားပါတယ်။ 

(1029) The New Business Road Test Read More »

(1022) 10 New Business Models for this Decade

ဒီစာအုပ်မှာတော့ 2020 ခုနှစ်ကိုပုံဖော်ခဲ့ကြသည့် ဆန်းသစ်သောစီးပွားရေးတည်ဆောက်ပုံများနဲ့ ပတ်သက်ပြီး အနာဂတ်ကိုခွဲခြမ်းစိတ်ဖြာမှုပေးစွမ်းနိုင်အောင် ကူညီပေးနိုင်ပါတယ်…။ နောက်ပြီးတော့ ဒစ်ဂျစ်တယ်စီးပွားရေးမှ ဖြစ်ပေါ်လာကြသော မော်ဒယ်အသစ်များ၊ ကြီးမားသော စီးပွားရေးနှင့် ရေရှည်တည်တံ့မှု လမ်းကြောင်းများကို ရှာဖွေဖို့ရာအတွက်လည်း အသုံးကျဦးမှာဖြစ်တဲ့အပြင် အဆိုပါ ပေါ်ပေါက်လာသော မူဘောင်များကို ဆန်းစစ်ခြင်းဖြင့် စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးခေါင်းဆောင်များအားလုံးအတွက် လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာကြီးတွင် လိုက်လျောညီထွေဖြစ်အောင်၊ ဆန်းသစ်တီထွင်ရန်နှင့် ရှင်သန်ကြီးထွားလာပုံတို့ကို ထိုးထွင်းသိမြင်နိုင်စေမည်ဖြစ်ပါတယ်…။

(1022) 10 New Business Models for this Decade Read More »

(1019) Richard Branson Way

“The Richard Branson Way” သည် Virgin Group ၏ တည်ထောင်သူ Sir Richard Branson ၏ စီးပွားရေးသဘောထားများ၊ မဟာဗျူဟာများနှင့် အောင်မြင်ရေးအကြောင်းကို အဓိကထား ရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ Branson ၏ တီထွင်ဆန်းသစ်သော စီးပွားရေးစွမ်းရည်၊ စွန့်စားလိုစိတ်နှင့် နည်းလမ်းကောင်းများကို လေ့လာချင်သောသူများအတွက် ဤစာအုပ်သည် လမ်းညွှန်ချက်ကောင်းများကို ပေးစွမ်းထားသည်။

(1019) Richard Branson Way Read More »

(1013) How to Make a Few Billion Dollars

How to Make a Few Billion Dollars ဆိုတဲ့ စာအုပ်လေးကတော့ Brad Jacobs ရေးသားထားပြီး စာရေးသူက မတူညီတဲ့ နယ်ပယ်အမျိုးမျိုးမှာ Multi-billion-dollar company တွေ တည်ထောင်ခဲ့တဲ့  သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေပေးထားတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။  ဒီစာအုပ်ထဲမှာဆိုရင်တော့ Vision တွေ ထားရှိဖို့အတွက်၊ အခွင့်အရေးတွေကိုမြင်တတ်ဖို့အတွက်၊ Business Scaling လုပ်တတ်ဖို့အတွက်၊ နည်းဗျူဟာတွေချမှတ်နိုင်ဖို့အတွက်၊ Leadership အားကောင်းဖို့အတွက်နဲ့၊ Team တွေ တည်ဆောက်နိုင်ဖို့အတွက်၊ Adaptability ရှိစေဖို့အတွက်နဲ့ Risk Management လုပ်တတ်စေဖို့အတွက်၊ ရေရှည်အတွက် တွေးခေါ်နိုင်စွမ်းရှိစေဖို့အတွက် သင်ခန်းစာပြရှင်းပြထားတဲ့အတွက် လက်တွေ့ကျတဲ့အကြံဉာဏ်တွေရယူလိုသူတို့ မဖြစ်မနေဖတ်ရှုသင့်ပါတယ်။

(1013) How to Make a Few Billion Dollars Read More »

(1010) How the World Sees You

ဒီစာအုပ်ထဲမှာတော့ Personal Branding သဘောတရားနဲ့ ကိုယ်တွေပြုမူတတ်တဲ့ လုပ်ရပ်တွေ၊ စကားလုံးတွေနဲ့ ပုံရိပ်တွေဟာ တခြားသူတွေဘက်ကကြည့်ရင် ဘယ်လိုမြင်သလဲဆိုတာကို တကွက်ကြိုမြင်ပြီး သိနေနိုင်ဖို့ဖြစ်ပါတယ်…။ စာဖတ်သူများအနေနဲ့  ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်မလဲဆိုတာနှင့် ကမ္ဘာကြီးက ဘယ်လိုမြင်မလဲဆိုတဲ့ကြားက ကွာဟချက်ကို နားလည်စေရန် လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်…။ ဒါ့အပြင် ကိုယ်ပိုင်ခံယူချက်များကို ဖော်ထုတ်တာမျိုးတွေ… ပရော်ဖက်ရှင်နယ်ပုံစံနှင့် နေ့စဉ်ဘ၀တွင်လည်း စစ်မှန်ပြီး impactful ရှိသော Personal Branding ကို ပုံဖော်ရန်အတွက် ဒီ insider note က ကူညီပေးနိုင်ပါလိမ့်မယ်…။

(1010) How the World Sees You Read More »

(1006) Your Small Business Boom

ကိုယ်ပိုင်လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် ကြိုးပမ်းနေတဲ့ လုပ်ငန်းရှင်တိုင်းအတွက်ဆိုရင် ဒီစာအုပ်ကို ကိုယ်ပိုင်အသေးစား စီးပွားရေး တိုးတက်မှုတွေနဲ့ စဉ်ဆက်မပြတ် အောင်မြင်မှုရရှိရန် လမ်းပြမြေပုံအဖြစ် ကူညီပေးနိုင်တာဖြစ်တဲ့အတွက် ဖတ်ရှုသင့်ပါတယ်…။ ဒီစာအုပ်ထဲတွင် လုပ်ငန်းငယ်များကို ချဲ့ထွင်ခြင်းမှစကာ စျေးကွက်အသစ်များအထိ အောင်မြင်မှုရရှိစေမယ့် လုပ်ငန်းငယ်တစ်ခုကို လုပ်ငန်းချဲ့ထွင်ရန်အတွက် အသုံးချလုပ်ဆောင်နိုင်မယ့် မဟာဗျူဟာများကို လေ့လာနိုင်မှာဖြစ်ပါတယ်…။ ငွေကြေးစီမံခန့်ခွဲမှုမှစပြီး Customer ဝယ်ယူခြင်းအထိ အရာအားလုံးအတွက် လက်တွေ့ကျသောအကြံဉာဏ်များ… စိန်ခေါ်မှုအသစ်သစ်များဖြင့် အသေးစားစီးပွားရေးလုပ်ငန်းပိုင်ရှင်များအား တိုးတက်စေရန် အတွက် ဒီစာအုပ်ထဲမှ အသိပညာများကို  အရင်းအနှီးအဖြစ် အသုံးချနိုင်မှာဖြစ်ပါတယ်…။

(1006) Your Small Business Boom Read More »

(997) Grow the Core

Grow the Core ဆိုတဲ့ စာအုပ်လေးကိုတော့ David Taylor ရေးသားထားပြီး စီးပွားရေးလုပ်ငန်းတွေအနေနဲ့ နယ်ပယ်အသစ်တွေကိုချဲ့ထွင်မယ့်အစား အဓိက ကမ်းလှမ်းထားတဲ့အရာတွေကို ပိုခိုင်မာလာအောင် လုပ်ဆောင်နိုင်မယ့် နည်းဗျူဟာကျ လမ်းညွှန်ချက်တွေအကြောင်းရေးသားဖော်ပြထားပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင်တော့ ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့ Core တွေကို ဘယ်လိုခိုင်မာအောင်လုပ်ဆောင်မလဲဆိုတဲ့အကြောင်းတွေ၊ Customer Loyalty များလာအောင် ဘယ်လိုဖန်တီးနိုင်မလဲဆိုတဲ့ အကြောင်းအရာတွေ၊ Core အတွင်းမှာ တီထွင်ဆန်းသစ်မှုတွေ ဘယ်လိုပြုလုပ်နိုင်မလဲဆိုတဲ့အကြောင်းတွေနဲ့၊ brand တစ်ခုအောင်မြင်ဖို့အတွက် ရိုးရှင်းမှုနဲ့ ရှင်းလင်းပြတ်သားမှုကို အသုံးပြုနိုင်မယ့်အကြောင်းအရာတွေကိုအသေးစိတ်ဖော်ပြထားပါတယ်။ တကယ်လို့ မိတ်ဆွေအနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ အဓိကစီးပွားရေးကိုပိုခိုင်မာစေဖို့အတွက် မျှော်လင့်ထားတယ်ဆိုရင်၊ ရေရှည်အောင်မြင်မှုရရှိလိုတယ်ဆိုရင်၊ အကျိုးအမြတ်တွေတိုးလာလိုတယ်ဆိုရင် ဒီစာအုပ်လေးကို ဖတ်ရှုဖို့အကြံပေးချင်ပါတယ်။

(997) Grow the Core Read More »

Toe Tet's Logo