Business

(110) Business Analysis

လုပ်ငန်းအဖွဲ့အစည်းတိုင်းဟာ ဒီနေ့ခေတ် ကမ္ဘာတစ်ဝှမ်း အပြိုင်အဆိုင်များလာတဲ့ စီးပွားရေးလောကမှာ စိန်ခေါ်မှုတွေကို တုန့်ပြန်နိုင်ဖို့ လိုအပ်လာပါပြီ။ အဲ့ဒီတုန့်ပြန်မှုတွေအတွက် ရှေ့တန်းက တာဝန်ရှိတဲ့သူတွေကတော့ စီပွားရေး သုံးသပ်လေ့လာသူ တွေဖြစ်ပြီး Business နဲ့ဆိုင်တဲ့ ပြဿနာတွေ ရှာဖွေဖော်ထုတ်ဖို့၊ အခွင့်အလမ်း အသစ်တွေ အမိအရ ဆုပ်ကိုင်နိုင်ဖို့ လက်တွေ့ဆန်ခြင်း၊ တီထွင်ဖန်တီးမှုနဲ့ ငွေရေးကြေးရေး အရလည်း ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တွေ ထုတ်ပေးကြပါတယ်။ ‘Business Analysis’ စာအုပ်ဟာဆိုရင် စီးပွားရေး လေ့လာသုံးသပ်သူတွေ အတွက် ပြီးပြည့်စုံတဲ့ လမ်းပြမှု၊ အရေးကြီးတဲ့ သဘောတရားတွေ နားလည်သဘောပေါက်မှု၊ Professional ဆန်တဲ့ စီးပွားရေးသုံးသပ်ခြင်း ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့ လိုအပ်တဲ့ Frameworks နဲ့ နည်းစနစ်တွေကို ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ခေါင်းစဉ်တွေ ဖြစ်တဲ့ မဟာဗျူဟာမြောက် […]

(110) Business Analysis Read More »

(106) Business Models Handbook

အောင်မြင်တဲ့ လုပ်ငန်းတိုင်းရဲ့ သည်းခြေမှာ Business frameworks တွေရှိနေတတ်တယ်။ သူတို့ကပဲ Business နဲ့ဆိုင်တဲ့ ပြဿနာတွေအတွက် Structure နဲ့ ရှင်းလင်းပြတ်သားမှုတွေ ပေးစွမ်းနိုင်သလို လက်တွေ့ကျင့်သုံးသူတွေအတွက် နေ့စဉ်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားစေနိုင်မှာပဲ ဖြစ်ပါတယ်။ `Business Models Handbook´ စာအုပ်ဟာ အထောက်ကူအဖြစ်ဆုံးနဲ့ အသုံးများဆုံး Templates နဲ့ Frameworks တွေကို တစ်ခုတည်းသော အဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်တစ်ခုအဖြစ် စုစည်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။ Chapter တစ်ခုစီက Business Framework တစ်ခုစီကို Focus လုပ်ထားပြီး နာမည်အကြီးဆုံး Frameworks အခု ၅၀ အကြောင်းနဲ့ Organization တစ်ခုကို ကြီးထွား၊ အမြတ်တိုးလာအောင် လုပ်ဆောင်နိုင်ပုံတွေကို ရှင်းပြထားခဲ့ပါတယ်။ တစ်ခုစီက လက်တွေ့ဘဝ လေ့လာတွေ့ရှိမှုတွေအပေါ်

(106) Business Models Handbook Read More »

(104) Better Simpler Strategy

လုပ်ငန်းကဏ္ဍတိုင်းနဲ့ ကမ္ဘာ့စီးပွားရေးရဲ့ ထောင့်ပေါင်းစုံ အများစုမှာ အအောင်မြင်ဆုံး ကုမ္ပဏီတွေဟာ သူတို့ရဲ့ ပြိုင်ဘက်တွေထက် အမြဲနှာတစ်ဖျားသာနေတတ်တဲ့ လျှို့ဝှက်ချက်က ဘာများလဲ?Better, Simpler, Strategy စာအုပ်မှာ Harvard Business School ရဲ့ Professor Felix Oberholzer-Gee ဟာ ကုမ္ပဏီတွေ အလုပ်နည်းနည်းပဲလုပ်ပြီး များများအောင်မြင်နိုင်မယ့် နည်းလမ်းတွေကို ပြသခဲ့ပါတယ်။ အလျင်အမြန် တိုးတက်လာတဲ့ နည်းပညာနဲ့ ကမ္ဘာတစ်ဝှမ်း ပြိုင်ဆိုင်မှုတွေဟာ သမားရိုးကျ စီးပွားရေးလုပ်ကိုင်ပုံတွေကို အဆုံးသတ်စေပြီး၊ အောင်မြင်တဲ့ ကုမ္ပဏီတွေဟာ ရိုးရှ​င်းတဲ့ မဟာဗျူဟာတွေကို ရယူဖို့ ကြိုးစားလာကြတယ်။ Managers အများစု Projects တွေကြားထဲက ရုန်းထွက်နိုင်အောင် ကြိုးစားနေရချိန်မှာ၊ အဲ့ဒီလုပ်ငန်းတွေက သူတို့ကို ကူညီနိုင်မယ့် ရိုးရှင်းတဲ့ စည်းမျဉ်းတွေဖြစ်သလို အမှန်တကယ်အပြောင်းအလဲ ဖြစ်စေမယ့် Ideas

(104) Better Simpler Strategy Read More »

(99) One Simple Idea

ဝင်ငွေ ‌​ဒေါ်လာ ဘီလီယံချီရနေတဲ့ simple idea (၂၀) ကျော်ကို ထုတ်လုပ်နိုင်ခဲ့တဲ့ Stephen Key ရေးသားထားတာ ဖြစ်ပါတယ်။ Stephen Key က idea တွေကို စျေးကွက်ထဲရောက်အောင် ဘယ်လို ပိုဆောင် မလဲဆိုတာကို သင်တန်းပို့ချနေတဲ့သူလည်း ဖြစ်ပါတယ်။ One Simple Idea စာအုပ်က လုပ်ငန်း တစ်ခု စတင်ဖို့ ပဲဖြစ်ဖြစ် ၊ ကိုယ့်ရဲ့ idea တွေ ရိုးရှင်းအောင် ဘယ်လိုထုတ်လုပ်မလဲ ဆိုတဲ့ လျှို့ဝှက်ချက်တွေ သိချင်တဲ့သူအတွက် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါလိမ့်မယ်။ ဒီစာအုပ်မှာ idea အတွေးအခေါ်တွေ ဘာကြောင့် ကျရှုံးကြတာလဲ နဲ့ ကိုယ့်ရဲ့ idea တွေ အလုပ်ဖြစ်မဖြစ် သိနိုင်မယ့် နည်းလမ်းကောင်းတွေကိုပါ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

(99) One Simple Idea Read More »

(92) Delivering Happiness

နှစ်စဉ် ကုန်ပစ္စည်းရောင်းရငွေ စုစုပေါင်း ဒေါ်လာ၁ဘီလီယံကျော် လုပ်ဆောင်နေတဲ့ အွန်လိုင်း လက်လီရောင်းချသူ Zappos ရဲ့ လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းစဉ်အချက်တွေကတော့ ဌာနတစ်ခုတည်းမဟုတ်ဘဲနဲ့ ကုမ္ပဏီတစ်ခုလုံးရဲ့ ဖောက်သည်တွေကို တာဝန်ယူပါ။ -ကုမ္ပဏီရဲ့ ယဉ်ကျေးမှုကို နံပါတ် ၁ဦးစားပေးအဖြစ်ထားပါ။ -ပျော်ရွှင်မှုသိပ္ပံက သုတသေနကို စီးပှားရေးလုပ်ငန်းတစ်ခု လုပ်ဆောင်ရန် အသုံးချပါ။ -ဝန်ထမ်းတွေကို ပုဂ္ဂိုလ်ရေးအရရော ပရော်ဖက်ရှင်နယ် ကျကျ ကြီးထွားလာအောင် ကူညီပေးပါ။ -ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကြိုးစားပါ။ -နောက်ပြီးကျတော့ ငွေလည်း ရှာပါ ။ Delivering Happiness စာအုပ်မှာဆိုရင် Zappos အမှုဆောင်အရာရှိချုပ် Tony Hsieh ဟာဆိုရင် စီးပွားရေးနဲ့ ဘဝမှာ သူသင်ယူခဲ့တဲ့ မတူညီသော သင်ခန်းစာတွေကို မျှဝေပေးထားပါတယ်။

(92) Delivering Happiness Read More »

(90) The Platform Delusion

ဘဏ်လုပ်ငန်းရင်းနှီးမြှပ်နှံသူတဦးနဲ့ ပရော်ဖက်ဆာ တဦးရဲ့ နည်းပညာလုပ်ငန်းရဲ့ စီးပွားရေးနယ်ပယ်မှာ ဘယ်အရာက အောင်မြင်မှုကို ရရှိစေသလဲဆိုတာ ရှင်းပြချက်ကို The Platform Delusion မှာ ဖတ်ရှူ့ရမှာဖြစ်ပါတယ်။ လူတွေအများစုက ထင်ကြတယ်။ သူတို့က Facebook, Amazon , Apple, Netflix,  နဲ့ Google အစရှိတဲ့ နည်းပညာ ကုပ္မဏီ အကြီးကြီးတွေရဲ့ အောင်မြင်မှု လျို့ဝှက်ချက်ကို သိကြတယ်လို့။ ဒီ အောင်မြင်တဲ့ လုပ်ငန်းကြီးတွေ ရဲ့ အဆုံးစွန် လွှမ်းမိုးနိုင်မှုက လူတွေကြားကို ချိတ်ဆက်ပေးနိုင်တဲ့ နည်းပညာနဲ့ စီးပွားရှာခဲ့ကြလို့ပါ။ ချိတ်ဆက်နိုင်မှုရဲ့ အကျိုးသက်ရောက်ခြင်းတွေက သူတို့ကို leading company တွေအဖြစ် တွန်းပို့ပေးခဲ့တာပါ။ စာ​ရေးသူပရော်ဖက်ဆာ နီးန် နဲ့ ဘဏ်လုပ်ငန်းရှင်ရဲ့ အမှန်တရားက ဒီထက်ပိုရှုပ်ထွေးတယ်လို့ ငြင်းခုန်ထားတာကို

(90) The Platform Delusion Read More »

(88) Business Ecosystems in China

ဒီစာအုပ်လေးက Business Ecosystems in China ဖြစ်ပြီးတော့ Wei Wei နဲ့ Mark J. Greevem တို့ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်ကို 2017 မှာထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ဒီစာအုပ်ကို Authors တွေက Baidu, Xiaomi, LeEco, Alibaba နဲ့ Tencent စတဲ့ ကုမ္ပဏီ ကြီးတွေကို research သေချာလုပ်ပြီးရေးထားတာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ စီးပွားရေးကိုပြိုင်တဲ့အခါ နည်းပညာကုမ္ပဏီတွေက နည်းပညာနဲ့ပတ်သတ်လို့အဓိက ပြိုင်ကြတယ်။ တရုတ်မှာတော့ အနောက်နိုင်ငံတွေနဲ့ မတူဘဲ Business Model Innovation နဲ့ပတ်သတ်ပြီး ပြိုင်ကြတယ်။ ဒီနေ့ခေတ်က Products တွေ ပြိုင်တဲ့ခေတ်မဟုတ်တော့ဘူး၊ Platform တွေပြိုင်တဲ့ခေတ်မဟုတ်တော့ဘူး၊ Ecosystems တွေပြိုင်တဲ့ခေတ်ဖြစ်သွားပြီ။ ဒီစာအုပ်ထဲမှာ တရုတ်ပြည်ရဲ့ Business Ecosystems

(88) Business Ecosystems in China Read More »

(81) The Invincible Company

Alex Osterwalder နဲ့ Yves Pigneur တို့ဟာ ကမ္ဘာ့အကောင်းဆုံး ကုမ္ပဏီတွေရဲ့ Business Model အသစ်တွေ ဖန်တီး၊ စမ်းသပ်၊ ချဲ့ထွင်ပုံတွေကို နှစ်ပေါင်းများစွာ လေ့လာဆန်းစစ်ပြီးတဲ့ နောက်မှာ၊ စာရေးဆရာတွေဟာ သူတို့ရဲ့ အကောင်းဆုံး စာအုပ်ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ ‘The Invincible Company’ စာအုပ်မှာဆိုရင် လုပ်ငန်းအဖွဲ့အစည်းတိုင်းက ကမ္ဘာ့အတက်ကြွဆုံး ကုမ္ပဏီတွေရဲ့ Business Models တွေကနေ သင်ယူလေ့လာနိုင်တဲ့ အရာတွေကို ရှင်းပြပေးခဲ့ပါတယ်။ ‘The Invincible Company’ စာအုပ်ဟာ တိုင်းတာမှု၊ စီမံခန့်ခွဲမှုနဲ့ လျင်မြန်တဲ့ တီထွင်ဆန်းသစ်မှု တွေအတွက် လက်တွေ့ဆန်တဲ့ နည်းစနစ်အသစ်တွေနဲ့ Business Model အသစ် ထုတ်လုပ်တဲ့အခါ Risks တွေ လျှော့ချပေးနိုင်တဲ့ မဟာဗျုဟာတွေကို ပြသပေးသွားမှာဖြစ်ပါတယ်။

(81) The Invincible Company Read More »

(74) Strategize – Product Strategy and Roadmap

သက်သေအထောက်အထားခိုင်လုံစွာ ပြထားတဲ့ အသုံးဝင်တဲ့ နည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားပြီး  ဒီစာအုပ်ထဲမှာ တကယ်ထိရောက်တဲ့ Strategy တွေနှင့် လုပ်ဆောင်နိုင်ဖွယ်ရှိတဲ့ Roadmaps တွေကို ဘယ်လိုဖန်တီးရမလဲဆိုတာ ရှင်းပြထားပါတယ်။ ဒီလိုမျိုး အသေးစိတ် ရှင်းပြထားတဲ့အတွက်ကြောင့် ကျွန်တော်တို့ အောင်မြင်ပေါက်ရောက်တဲ့ Product တစ်ခုကို ဖန်တီးဖို့ လွယ်ကူလာမှာပဲ ဖြစ်တယ်။ ဆွဲဆောင်မှု ရှိတဲ့အရေးအသားနှင့် ရေးသားထားပြီး ဒီစာအုပ်လေးကနေ လက်တွေ့ကျတဲ့ အကြံဉာဏ်တွေ၊ တန်ဖိုးရှိလှတဲ့ သာဓကတွေနဲ့ ရေးသားထားတဲ့အတွကကြောင့် ကျွန်တော်တို့က နည်းလမ်းတွေကို တိုက်ရိုက်အသုံးပြုလို့ရနိုင်မှာပဲ ဖြစ်တယ်။ ပြည့်ပြည့်စုံစုံနဲ့ ရေးသားထားမှုကြောင့် ဒီစာအုပ်လေးက ကျွန်တော်တို့ကို မှန်ကန်ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်အောင် ကူညီနိုင်မှာပဲ ဖြစ်တယ်။ ယနေ့ခေတ်လို အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးမှာ သူများတွေထက် နှာတစ်ဖျားသာဖို့ဆိုရင် နည်းလမ်းကောင်းကောင်းလိုအပ်လှနေပြီဖြစ်တဲ့အလျောက် ဒီစာအုပ်လေးဟာ ကျွန်တော်တို့ကို

(74) Strategize – Product Strategy and Roadmap Read More »

Toe Tet's Logo