Business

(409) One Word That Will Change Your Life

“One Word That Will Change Your Life” စာအုပ်ဟာဆိုရင် သင့်ဘဝနဲ့ စီးပွားရေးကို တစ်နှစ်အတွင်း စကားလုံးတစ်လုံးတည်းအပေါ် အာရုံစိုက်ရုံနဲ့ ရိုးရှင်းစေနိုင်ပုံကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။ စကားလုံးတစ်လုံးတည်းကို ရွေးချယ်ခြင်းရဲ့ ရိုးရှင်းမှုက ဘဝကို အပြောင်းအလဲဖြစ်စေနိုင်တဲ့အထိ စွမ်းအားပြင်းပါတယ်။ ရှုပ်ထွေးမှုတွေဟာ အချိန်ဆွဲခြင်း၊ ရပ်တန့်ခြင်းတွေဆီ ဦးတည်စေပြီး၊ ရိုးရှင်းမှုတွေကတော့ ပြတ်သားမှု၊ အောင်မြင်မှုတွေဆီ ဦးတည်စေတယ်။ “One Word That Will Change Your Life” စာအုပ်ဟာဆိုရင် နောက်နှစ်အတွက် သင်ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို နက်နက်နဲနဲ ပြန်လည်သုံးသပ်စေနိုင်မှာဖြစ်ပါတယ်။

(409) One Word That Will Change Your Life Read More »

(407) Millionaire MBA

“Millionaire MBA” စာအုပ်ထဲမှာဆိုရင် မီလီယံနာနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်‌တွေဖြစ်တဲ့ Duncan Bannatyne, Simon Woodroffe နဲ့ Sir Tom Hunter တို့လို သူတွေကို အတွင်းကျကျ Interview ထားတဲ့ အကြောင်းအရာတွေ ပါဝင်နေပါတယ်။ မေးခွန်းတစ်ခုချင်းစီက သူတို့ကို ဘယ်အရာတွေက အောင်မြင်စေခဲ့သလဲ၊ သူတို့ဘာကြောင့် အခုလို စီးပွားရေး ရလဒ်ကောင်းတွေကို ဆွတ်ခူးနိုင်ခဲ့ကြသလဲအထိ နက်နက်နဲနဲ မေးမြန်းထားပါတယ်။ ဒီကနေ‌ အောင်မြင်တဲ့ မီလီယံနာ စွန့်ဦးတီထွင်တစ်ယောက်လို တွေးတတ်စေဖို့ သင်ပြ‌ပေးမယ့် “Millionaire MBA” စာအုပ်ကို ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

(407) Millionaire MBA Read More »

(401) The Physics of Brand

ကိုယ့်လုပ်ငန်းအဖွဲ့အစည်းက ဖောက်သည်တွေရဲ့ အတွေ့အကြုံတွေ၊ ဒါတွေက Brand Value အတွက် ဘယ်လိုအကျိုးပြုသလဲကို သေချာနားလည်ချင်ရင် “The Physics of Brand” စာအုပ်က အကောင်းဆုံး စတင်ရာ နေရာပါပဲ။ ဒီစာအုပ်ဟာ Brand တွေက လူတွေနဲ့ ဆက်သွယ်ရင်း Brand ပိုင်ရှင်တွေ၊ ဖောက်သည်တွေ၊ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအတွက် Value တွေ ဖန်တီးပေးပုံကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာဆိုရင် ဖောက်သည်တွေရဲ့ အတွေ့အကြုံကို တိုင်းတာနိုင်တဲ့ နည်းလမ်းနဲ့ တိုးတက်စေလိုသူတိုင်း ဖတ်ထားသင့်တဲ့ စာအုပ်ပါပဲ။ “The Physics of Brand” စာအုပ်ဟာ သင့်ကို စိတ်ကျေနပ်စရာကောင်းတဲ့ ပန်းတိုင်ကိုရောက်ရှိအောင် ကူညီပေးနိုင်မှာပါ။

(401) The Physics of Brand Read More »

(293) On Business Model Innovation

Business Model Innovation နဲ့ပတ်သက်တာမှန်သမျှ မဖတ်ဖူးရင်၊ ဒီဆောင်းပါး ဆယ်ခုကို ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ “On Business Model Innovation” စာအုပ်ဟာ Harvard Business Review ရဲ့ ရာပေါင်းများစွာသော ဆောင်းပါးတွေကို စီစစ်ပြီး၊ သင့်ရဲ့ ဖောက်သည်အသစ်တွေဆီ ရောက်ရှိနိုင်ဖို့၊ Business Model ကို ပြန်လည်ဆန်းသစ်ပြီး ပြိုင်ဘက်တွေထက် ရှေ့ရောက်စေနိုင်ဖို့ ကူညီပေးမယ့် အရေးကြီးဆုံး Articles တွေကို ရွေးထုတ်ထားခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ သင့်ရဲ့အဓိက Business Model အခြေအနေကို ဆန်းစစ်နိုင်မယ်၊ ဈေးကွက်ထဲ အသစ်ဝင်ရောက်မှုတွေကနေ ကာကွယ်နိုင်စေနိုင်မယ်၊ Lean Startups တွေရဲ့ နည်းစနစ်တွေကို ကျင့်သုံးစေနိုင်မယ်၊ သင့်ရဲ့ အဓိကကျတဲ့ Product တစ်ဝိုက်မှာ Platform

(293) On Business Model Innovation Read More »

(292)Business Model Innovation

Strategic Management ဆိုင်ရာ လေ့လာတွေ့ရှိမှုတွေမှာ အခြေတည်ထားတဲ့ “Business Model Innovation” စာအုပ်ဟာ လုပ်ငန်းအဖွဲ့အစည်းများစွာကို နည်းပညာပိုင်း တီထွင်ဆန်းသစ်မှု၊ ချဲ့ထွင်မှုတွေနဲ့ အသိပညာအသားပေး စီးပွားရေးလောကထဲမှာ ပြိုင်ဘက်တွေထက် အသာရနိုင်စေမယ့် နည်းစနစ်၊ သဘောတရားတွေကို ရှာဖွေဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ Business Model မှာ တီထွင်ဆန်းသစ်မှုရဲ့ စွမ်းအားကို အသုံးချပြီး လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ စွန့်ဦးတီထွင်ဆိုင်ရာ အခွင့်အလှမ်းတွေကို ရယူနိုင်ပုံကို လေ့လာသွားမှာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာ Crowdsourcing နဲ့ Open Innovation အကြောင်း၊ လူမှုကွန်ရက်အကြောင်း၊ အနှောင့်အယှက်ဖြစ်စေတဲ့ နည်းပညာ၊ ကွန်ရက်ရဲ့ သက်ရောက်မှု၊ လိုက်ဖက်ညီတဲ့ စွမ်းဆောင်ရည်တွေရဲ့ ရှားပါးမှုအကြောင်း စတာတွေ ပါဝင်ပါတယ်။ စာဖတ်သူတွေ လက်တွေ့အသုံးချနိုင်မယ့် နည်းစနစ်တွေနဲ့အတူ၊ ဒီစာအုပ်ဟာ Business

(292)Business Model Innovation Read More »

(280) Design a Better Business

ဒီစာအုပ်ဟာ သင့်ဘဝမှာ တစ်ခါမှမမြင်ဖူးလောက်တဲ့ Design Journey တစ်ခုကို အစအဆုံးပေါင်းစည်းထားပြီး၊ ဒါကို စာဖတ်သူတွေအနေနဲ့ ပိုကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ချဲ့ထွင်နိုင်မယ့် အဆင့်တွေကို လက်တွေ့ဆန်ဆန် တစ်ဆင့်ချင်း ဖော်ပြသွားခဲ့ပါတယ်။ “Design a Better Business” စာအုပ်မှာ Tools ပေါင်း 20 ကျော်ပါဝင်ပြီး၊ မှန်ကန်တဲ့ Teams တွေ တည်ဆောက်ခြင်း၊ ကိုယ့်ရဲ့ အမြင်တွေကို မျှတစေခြင်းကနေတဆင့် မသေချာမရေရာမှုရဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ပုံတွေ ပါဝင်ပါတယ်။ စာအုပ်ထဲမှာ Case Studies ပေါင်း 50 ကျော်နဲ့၊ ကုမ္ပဏီကြီး‌တွေဖြစ်တဲ့ IGN Bank, Audi, Autodesk နဲ့ Toyota Financial Services ကနေ၊ လုပ်ငန်းငယ်လေးတွေ၊ လူမှု‌လုပ်ငန်းအဖွဲ့အစည်းတွေအထိ

(280) Design a Better Business Read More »

(270) Onward

2008 ခုနှစ်မှာ Howard Schultz ဟာ Starbucks ရဲ့ CEO အနေနဲ့ ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပြီး၊ ကုမ္ပဏီကို သူ့ရဲ့ Core Values တွေနဲ့ ကိုက်ညီအောင် တည်ဆောက်ခဲ့သလို၊ ငွေကြေးအခြေအနေကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ ‘Onward’ စာအုပ်ထဲမှာဆိုရင် အမေရိကန်ရဲ့ အရှုပ်ထွေးဆုံး စီးပွားရေးကာလမှာ Starbucks ဟာ အမြတ်ရရှိမှု၊ ‌ရေရှည်ရပ်တည်မှုကို ပြန်လည်ရယူနိုင်ခဲ့ပုံကို ရေးသားထားပါတယ်။ ဘယ်ကုမ္ပဏီကိုမှ အလွတ်မပေးတဲ့ စီးပွားရေးကျဆင်းမှုအကြောင်းကို ပြောပြသွားပြီး၊ ဒီအဖြစ်အပျက်တွေကြားမှာ လုပ်ငန်းတစ်ခု ရှင်သန်ရပ်တည်နိုင်ပုံကို ပြသသွားခဲ့ပါတယ်။ ဒါ့အပြင် စာအုပ်ထဲမှာ Schultz ရဲ့ အချက်အချာကျတဲ့ ခေါင်းဆောင်မှုပိုင်း အတွေးအခေါ်ဖြစ်တဲ့ အနိုင်ရဖို့ထက်၊ မှန်ကန်စွာ အနိုင်ရဖို့ အရေးကြီးတယ် ဆိုတဲ့အကြောင်းကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ‘Onward’ စာအုပ်ဟာ

(270) Onward Read More »

(249) The Four

Amazon, Apple, Facebook နဲ့ Google တို့ဟာ ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံး ကုမ္ပဏီလေးခု ဖြစ်ပါတယ်။ လူတိုင်းက သူတို့ဒီနေရာကို ရောက်ရှိခဲ့ပုံကို သိတယ်ထင်ကြပေမယ့်၊ အထင်အမြင်အများစုက မှားယွင်းနေကြပါတယ်။ ဒီကုမ္ပဏီလေးခုကို အများစု ‌ရေးသားခဲ့ကြပေမယ့်၊ ဘယ်သူကမှ Scott Galloway ရဲ့ ‘The Four’ စာအုပ်လောက် သူတို့ရဲ့ Power နဲ့ အောင်မြင်မှုကို ပုံဖော်မပြနိုင်ခဲ့ပါဘူး။ ဒီကုမ္ပဏီတွေက ထုတ်လွှင့်သမျှကို ယုံကြည်မယ့်အစား Galloway ဟာ ‌အခြေခံကျတဲ့ မေးခွန်းတွေကို မေးမြန်းခဲ့တယ်။ ဒီကုမ္ပဏီလေးခုကို လူတွေရှောင်ရှားဖို့ မဖြစ်နိုင်လောက်အောင် ဘယ်လိုစတင်ခဲ့ကြသလဲ၊ တခြားလုပ်ငန်းတွေကို ပျက်စီးစေနိုင်တဲ့ အပြစ်တွေကို Stock Market က ဘာကြောင့် ခွင့်လွှတ်ပေးထားသလဲ၊ ကမ္ဘာ့ပထမဆုံး Trillion-dollar ကုမ္ပဏီအဖြစ် ဦးတည်ရာလမ်းကြောင်းမှာ၊

(249) The Four Read More »

(247) Ecommerce Evolved

Ecommerce Industry ကို အကုန်လုံး ခြုံပြောရရင် ခေတ်နောက်ကျနေတဲ့ Industry လို့ ဆိုနိုင်ပါတယ်။ Online စီးပွားရေးနယ်ပယ်မှာ အလုပ်ဖြစ်နေတာတွေအတွက် များစွာ နောက်ကျကျန်နေခဲ့ပြီ ဖြစ်ပါတယ်။ Ecommerce စီးပွားရေးလုပ်ငန်းရှင်အများစုဟာ 2016 က နည်းလမ်းတွေကို ကျင့်သုံးနေကြသေးတယ်။ ဒါဟာ အမြန်ဆုံး ဒုက္ခရောက်စေမယ့် နည်းလမ်းပါပဲ။ ‘Ecommerce Evolved’ စာအုပ်ထဲမှာဆိုရင် ဒီနေ့ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဈေးကွက်ထဲမှာ အမြတ်ရတဲ့ Ecommerce လုပ်ငန်းတစ်ခု တည်ဆောက်၊ ချဲ့ထွင်နိုင်စေမယ့် ရိုးရှင်းပြီး၊ အထပ်ထပ် ပြန်အသုံးပြုနိုင်တဲ့ Formula တွေ ပါဝင်ပါတယ်။ စာအုပ်ကိုဆိုရင် Ecommerce ရဲ့ နည်းဥ‌ပဒေသ 12 ခု၊ Evolved Strategy ၊ Evolved Intelligence ၊ Evolved

(247) Ecommerce Evolved Read More »

(243) Contagious

တစ်ခုခုကို ဘယ်အရာက နာမည်ကျော်ကြားအောင် လုပ်ဆောင်ပေးသလဲ၊ သင်ကြော်ငြာလို့ ပြောလိုက်ရင် ပြန်စဉ်းစားပါဦး။ လူတွေဟာ ကြော်ငြာတွေကို နားမထောင်ပါဘူး၊ သူတို့ရဲ့ မိတ်ဆွေကိုပဲ နားထောင်ကြတယ်။ ဒါပေမယ့် ဘာလို့ Products နဲ့ Ideas အချို့က လူပြောပိုများကြသလဲ၊ တချို့ ပုံပြင်တွေ၊ ကောလဟာလတွေက ဘာကြောင့်ပြန့်နှံ့မှုမြန်သလဲ၊ Online Contents တွေကို ဘယ်အရာက Viral ဖြစ်စေသလဲ။ Wharton ရဲ့ Marketing Professor Jonah Berger က ဆယ်စုနှစ်များစွာ ဒီမေးခွန်းတွေကို ဖြေဖို့ ကြိုးစားနေခဲ့ပါတယ်။ ‘Contagious’ စာအုပ်ထဲမှာဆိုရင် Word of Mouth နဲ့ လူထုပြန့်နှံမှုရဲ့ နောက်ကွယ်က သဘောတရားတွေကို ဖော်ပြသွားခဲ့တယ်။ အရာရာကို ပြန့်နှံ့လွယ်ဖို့ လိုအပ်တဲ့ အခြေခံ

(243) Contagious Read More »

Toe Tet's Logo