Business

(455) Numbers Don’t Lie

Bill Gatesကိုယ်တိုင် ဖတ်ဖို့ recommendလုပ်ထားတဲ့ Numbers Don’t Lieစာအုပ်ထဲမှာ ဘက်မလိုက်တဲ့အမှန်တရားလို့သတ်မှတ်တဲ့ dataတွေဖြစ်တဲ့ numberကိန်းဂဏန်းတွေက လူတွေရဲ့ဘဝတွေမှာအပြောင်းအလဲတွေဖြစ်လာဖို့ ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို တွက်ချက်ရေးသားပြသွားတာပဲဖြစ်ပါတယ်။ Egypt Pyramidတွေကိုတည်ဆောက်ဖို့ လူပေါင်းသိန်းချီလိုအပ်မယ်လို့ လူတွေထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ လူထောင်ဂဏန်းနဲ့ပဲ နှစ်အနည်းငယ်တွင်းမှာဆောက်နိုင်ခဲ့တယ်ဆိုတာကို Numbers Don’t Lie စာအုပ်ထဲမှာ ကိန်းဂဏန်းတွေနဲ့ သက်သေပြထားပါတယ်။ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတွေ ဘာကြောင့်အပျော်ရွှင်ဆုံးဖြစ်နေရသလဲ? ဘာကြောင့်တချို့သော ဆင်းရဲတဲ့နိုင်ငံတွေက ချမ်းသာသောနိုင်ငံတွေထက် ပိုပျော်ရွှင်နေရသလဲ? နိုင်ငံတစ်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်း, စားဝတ်နေရေး, စီးပွားရေးတိုးတက်မှုအခြေအနေ စတဲ့ ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေကို ကိန်းဂဏန်းပြောင်းလဲမှုတွေက ဘယ်လောက်ထိအရေးပါသွားသလဲဆိုတာကို မြင်ရစေမယ့် စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။ Life is all about perspective. ဘဝဆိုတာ ကိုယ်နေတတ်ရင်နေတတ်သလို ပျော်စရာကြီးပါလိုပြောကြပေမဲ့ ဒီစာအုပ်ကိုဖတ်သွားပြီးနောက်မှာ ကိုယ်ဘယ်လိုနေနေ ဘယ်လိုမြင်မြင် တချို့သော လုံးဝမပြောင်းလဲတဲ့ […]

(455) Numbers Don’t Lie Read More »

(454) Writing a Vision Statement

လူတိုင်းမှာ လှပတဲ့အိမ်မက်တွေ ကိုယ်စီရှိကြပါတယ်။ ဒီအိမ်မက်တွေကို လက်တွေ့ဖြစ်လာစေဖို့အတွက်ဆိုရင်တော့ စနစ်တကျ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ Vision Statement တွေ ကောင်းမွန်စွာပြုလုပ်နိုင်ဖို့အတွက်၊ ရည်မှန်းချက်ပန်းတိုင်တွေ ကောင်းမွန်စွာ ချမှတ်နိုင်ဖို့အတွက်ဆိုတာလဲ အရေးကြီးပါတယ်။ Lisa Shea ရေးသားထားတဲ့ “Writing a Vision Statement and Setting Goals” ဆိုတဲ့ စာအုပ်ထဲမှာဆိုရင်တော့ Vision Board တစ်ခုကို ဘယ်လိုပြုလုပ်ရမလဲ၊ Vision Statement တစ်ခုကို ဘယ်လိုရေးဆွဲရမလဲ၊ ငါးနှစ်တာအတွက် အစီအစဉ်တစ်ခုကို ဘယ်လိုချမှတ်ရမလဲ၊ ငါးနှစ်တာအစီအစဉ်ကနေ တစ်နှစ်စာအစီအစဉ်အဖြစ် ဘယ်လိုသွားရမလဲဆိုတဲ့အကြောင်းတွေကို ဥပမာများဖြင့် ရှင်းလင်းစွာဖော်ပြထားပါတယ်။ Writing a Vision Statement and Setting Goals ဆိုတဲ့ စာအုပ်ကတော့

(454) Writing a Vision Statement Read More »

(453) The Art and Business of Online Writing

ဒီစာအုပ်ကိုတော့ Quora  နဲ့ medium platform တွေရဲ့ စာဖတ်ပရိသတ်အများဆုံး writer တစ်ယောက်ဖြစ်သလိုဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ ghostwriting company တစ်ခုကိုလည်း တည်ထောင်ခဲ့တဲ့ Nicolas Cole ရေးသားခဲ့ပါတယ်။ဒီစာအုပ်ကနေ online မှာဘယ်လို စာရေးသားသင့်လဲ၊ internet ပေါ်မှာ အောင်မြင်တဲ့ စာတွေ ဘယ်လိုဖန်တီးမလဲ၊ social media မှာ ဘယ်လို viral ဖြစ်အောင်လုပ်မလဲ၊ content roadmap တွေ headline ကောင်းတွေဘဘယ်လိုဖန်တီးမလဲ စတဲ့ မေးခွန်းတွေရဲ့ အဖြေတွေပါဝင်သလို online writing နဲ့ ပတ်သက်ပြီး တန်ဖိုးရှိတဲ့ နည်းလမ်းတွေ၊ အဆီအနှစ်တွေ ပါဝင်ပါတယ်။

(453) The Art and Business of Online Writing Read More »

(451) Profitable Innovation

လုပ်ငန်းတခုကို ပိုက်ဆံရှာပေးတဲ့အပိုင်းက ဘာလဲ? Innovation = creation + profit လို့ခေါ်ကြတာ ဘာကြောင့်လဲ သိချင်သလား? ဒါဆိုရင်တော့ မိတ်ဆွေ လုပ်ငန်းမှာ ကောင်းမွန်တဲ့အပြောင်းအလဲဖြစ်ချင်တယ်ဆိုရင် ဒီInsider Note ကို ဖတ်ဖို့ တိုက်တွန်းပါတယ်နော်။

(451) Profitable Innovation Read More »

(450) The Go-Giver

လူတွေဟာ ကိုယ်လိုချင်တာရတာထက် ကိုယ်နဲ့ထိုက်တန်တာ ရကြတာပါ…။ဒီစာအုပ်ထဲမှာတော့ အောင်မြင်ရေးနဲ့ဆိုင်တဲ့ Principle ငါးခုကို story telling ကောင်းကောင်းနဲ့ ဖော်ပြထားပါတယ်…။ပိုက်ဆံရှာတဲ့နည်းအမျိုးမျိုးရှိတဲ့အထဲကမှ ကိုယ်နဲ့သင့်လျော်တဲ့ နည်းလမ်းနဲ့ပဲရှာတာအကောင်းဆုံးပါ…။ နောက်ပြီးတော့ ကိုယ့်လိုအပ်ချက်ကိုမဖြည့်ဆည်းခင် တပါးသူလိုအပ်ချက်ကိုအရင်စဉ်းစားလို့ပြောရင်း ဒီinsider note လေးကို ရိုးရှင်းထိရောက်စွာ နိဂုံးချုပ်ထားပါတယ်…။

(450) The Go-Giver Read More »

(441) Billion-Dollar Branding

သင့်မှာ လုပ်ငန်းတစ်ခုရှိပြီး၊ အမှတ်တံဆိပ်တစ်ခုရှိတယ်လို့ ထင်နေရင်တော့ “Billion-Dollar Branding” စာအုပ်က သင့်ကို ပြန်လည်တွေးတောစေမှာပါ။ “Billion-Dollar Branding” ဟာ Branding နဲ့ ပတ်သက်ပြီး သင်သိထားသမျှ အခြေခံအုတ်မြစ်တွေကို တုန်လှုပ်သွားစေမှာ ဖြစ်ပြီး၊ သင်ရဲ့ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ဖို့အတွက် အရိုးရှင်းဆုံး အိုင်ဒီယာတွေအဖြစ် ပြန်လည်စုစည်းပေးမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အနည်းဆုံး သင့်လုပ်ငန်းကို ကြော်ငြာဖို့၊ မိတ်ဆွေကောင်းတွေရဖို့၊ အလားအလာတွေကို လွှမ်းမိုးနိုင်ဖို့ ပိုလွယ်ကူစေမှာ ဖြစ်ပါတယ်။

(441) Billion-Dollar Branding Read More »

(440) How I Made My First Million On The Internet

ကျယ်ပြန့်လာတဲ့ အင်တာနက်လုပ်ငန်းတစ်ခု ထူထောင်ဖို့၊ ဒေါ်လာသန်းပေါင်းများစွာ အမြတ်အစွန်းများရယူဖို့ ဒီပြည့်စုံတဲ့ အဆင့်ဆင့်လမ်းညွှန်ချက်ထဲမှာဆိုရင်၊ Ewen Chia ဟာ marketing jargon တွေကို ရှင်းရှင်းလင်းလင်းဖော်ပြပြီး၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေအတွက် အကြံဉာဏ်နဲ့ နည်းပညာတွေ မျှဝေပေးခဲ့ပါတယ်။ သင်က အင်တာနက်စီးပွားရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားနေတာပဲဖြစ်ဖြစ်၊ သင့်လက်ရှိလုပ်ငန်းရဲ့ အလားအလာကို အပြည့်အဝတိုးမြှင့်ဖို့ ကြိုးစားနေတာပဲဖြစ်ဖြစ်၊ အင်တာနက်ဆိုတာ ဘာမှန်း မသိသေးတာပဲဖြစ်ဖြစ်၊ စီးပွားရေးဘွဲ့တစ်ခုခုကို ကိုင်ဆောင်ထားတာမျိုးပဲဖြစ်ဖြစ်၊ Ewen ရဲ့ စိတ်အားထက်သန်မှုနှင့် လက်လှမ်းမှီနိုင်တဲ့ Million-Dollar Blueprint တစ်ခုဖြစ်တဲ့ “How I Made My First Million on the Internet and How You Can Too!” စာအုပ်က သင့်ကို ကူညီပေးလိမ့်မှာပါ။

(440) How I Made My First Million On The Internet Read More »

(432) The Little Big Small Business Book

ဒီနှစ်မှာ သင့်ရဲ့စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်ဖို့ Plan ချထားသလား ? “The Little Big Small Business Book” စာအုပ်ထဲမှာဆိုရင် သင့်ကို ဖောက်သည်တွေ၊ အရောင်းတွေ၊ ငွေကြေးတွေများစွာနဲ့ ကျန်ခဲ့စေမယ့် ငွေရှာနိုင်မယ့် သင်ခန်းစာ 17 ခုကို လေ့လာရမှာ ဖြစ်ပါတယ်။ စာရေးဆရာ Micah Fraim ဟာ သင့်ရဲ့ သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းလေးကို ငွေကြေးချွေတာရင်း အောင်မြင်စွာ ချဲ့ထွင်နိုင်ဖို့ တစ်မူထူးခြားတဲ့ အမြင်တွေကို ပြသသွားမှာ ဖြစ်ပါတယ်။

(432) The Little Big Small Business Book Read More »

(417) New Power

ဒီနေ့ခေတ် ချိတ်ဆက်နေတဲ့ ကမ္ဘာကြီးမှာ တချို့လူတွေ ရှေ့ရောက်ကြပြီး၊ တချို့ဘာကြောင့် နောက်ကျကျန်ရစ်ခဲ့ကြသလဲ? ဒါကို Jeremy Heimans နဲ့ Henry Timms တို့ ရေးထားတဲ့ “New Power” စာအုပ်ထဲမှာဆိုရင် ကျွန်တော်တို့ခေတ်ရဲ့ အကြီးမားဆုံး ပုံပြင်တွေဖြစ်တဲ့ Facebook နဲ့ Uber တို့လို Platform တွေ ကြီးထွားလာပုံ၊ Obama နဲ့ Trump တို့ရဲ့ အနိုင်ရပုံ စတာတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ဖော်ထုတ်သွားခဲ့တယ်။ ယနေ့ခေတ် Power တွေနဲ့ ပုံသွင်းတည်ဆောက်ထားတဲ့ ကမ္ဘာကြီးမှာ “New Power” စာအုပ်ဟာ ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ တစ်ယောက်ချင်းရဲ့ အခန်းကဏ္ဍတွေကို နားလည်နိုင်မယ့် နည်းလမ်းသစ်တွေကို ပြသသွားမှာ ဖြစ်ပါတယ်။

(417) New Power Read More »

(410) Clarity – Clear Mind, Better Performance, Bigger Results

ကျွန်တော်တို့ ဘဝမှာ အဖြစ်အပျက်‌ပေါင်းများစွာ ဖြစ်ပျက်နေတယ်။ မီလီယံနဲ့ချီတဲ့ Projects တွေ၊ ရှည်လျားလွန်းတဲ့ to-do lists တွေ စတာတွေကြားမှာ ငွေကြေးတွေ၊ Deadlines တွေအတွက် ကျွန်တော်တို့ စိတ်ပူကြရတယ်။ ခေါင်းထဲက ရှုပ်ထွေးမှုများစွာကြားမှာ တစ်ခုတည်းကို အာရုံစိုက်ဖို့ မဖြစ်နိုင်သလို ခံစားလာရတယ်။ ဒါကြောင့် “Clarity” စာအုပ်မှာဆိုရင် ပြတ်သားတဲ့ အတွေးတွေ တွေးတောနိုင်ပုံကို ပြသသွားမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ကို ရှင်းလင်းပြီး၊ Stress တွေ နည်းစေဖို့၊ အလုပ်ပြီးမြောက်မှု ပိုမြင့်စေဖို့ နည်းလမ်းတွေကို လေ့လာရမှာဖြစ်ပြီး၊ ရလဒ်အနေနဲ့ ကိုယ့်ရဲ့ အရည်အချင်းအပေါ် ပိုပြီးယုံကြည်မှုရှိလာစေမှာ ဖြစ်ပါတယ်။

(410) Clarity – Clear Mind, Better Performance, Bigger Results Read More »

Toe Tet's Logo