Business

623

(623) The Future is Faster Than You Think

အချိန်နဲ့ ဒီရေသည် လူကိုမစောင့်ပါဘူး။အထူးသဖြင့် အခုလို အဘက်ဘက်က တိုးတက်မှုတွေ မြန်ဆန်နေတဲ့ခေတ်ကြီးမှာ အနာဂတ်ဆိုတာက သင်တွေးထားတာထက်ကို မြန်မြန်ရောက်ရှိလို့နေပါတယ်။ဒီလိုမျိုး တိုးတက်မှုမြန်ဆန်လှတဲ့ခေတ်ကြီးမှာ ကိုယ်တွေအနေနဲ့ သိထားမှတ်ထားသင့်တဲ့ system တွေ real life example တွေကို ဒီ insider note ထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုလေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။

(623) The Future is Faster Than You Think Read More »

616

(616) Entrepreneurship

Brian Tracy ရဲ့ Entrepreneurship စာအုပ်ထဲမှာဆိုရင် စွန့်ဦးတီထွင်ဖြစ်လာချင်သူတွေအတွက် အဖိုးတန်အရင်းအမြစ်တွေ ပါဝင်ပါတယ်။ စွန့်ဦးတီထွင်နဲ့ပတ်သက်တဲ့ အယူအဆအမှားတွေ၊ လက်ရှိအမှန်တရားတွေကို ပြောပြသွားပြီး၊ မှန်ကန်တဲ့ စီးပွားရေး၊ မားကတ်တင်းနဲ့ အ‌ရောင်းတွေဖြစ်ဖို့ ရွေးချယ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးထားပါတယ်။

(616) Entrepreneurship Read More »

613

(613) The Ultimate Sales Machine

” The Ultimate Sales Machine”  စာအုပ်ဟာ စီးပွားရေးလုပ်ငန်းတစ်ခု မဖြစ်မနေလိုအပ်တဲ့ နယ်ဗျူဟာတွေနဲ့  အတတ်ပညာများကို ထောက်ပြထားပါတယ်။  စာရေးသူ Chet Holmes က သင့်လုပ်ငန်းကို ဘယ်လိုထိရောက်စွာ စီမံခန့်ခွဲရမလဲ၊ အဖွဲ့လိုက်လုပ်ငန်းစဉ်များကို ပြီးမြောက်အောင် ဖော်ဆောင်ရမလဲဆိုတာတွေကို လက်တွေ့ ဥပမာများဖြင့် ရှင်းလင်းပေးထားပါတယ်။  အသင်းအဖွဲ့တစ်ခုလုံးရဲ့ ပေါင်းစည်းမှုကို မြှင့်တင်ပြီး အမြတ်အစွန်းကို တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေကိုလည်း ဖော်ပြပေးထားပါတယ်။ လုပ်ငန်းရှင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်မြှင့်နည်းများကိုပါ သိရှိနိုင်စေမဲ့ စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။  ဒီစာအုပ်တွင်ဖော်ပြထားတဲ့ နည်းလမ်းတွေကို လေ့လာပြီး သင့်ရဲ့အရောင်းလုပ်ငန်းကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ ဒီ video ထဲမှာတော့  “The Ultimate Sales Machine”စာအုပ်ရဲ့  အဓိကအချက်အလက်များကို ဆွေးနွေးပေးသွားမှာဖြစ်လို့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(613) The Ultimate Sales Machine Read More »

(610) Exponential Organizations

စာရေးဆရာ Michael S. Malone, Salim Ismail, နဲ့ Yuri van Geest ( ၃ ) ဦး ရေးသားခဲ့တဲ့ Exponential Organizations ဆိုတဲ့ စာအုပ်လေးကတော့ Organizations အသစ်တွေက ဘာကြောင့် သင့်လုပ်ငန်းထက် ဆယ်ဆ ပိုကောင်းလဲ၊ ပိုမြန်ဆန််လဲ၊ ပိုဈေးသက်သာစေလဲဆိုတာကိုဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင်တော့ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာ၊ လူစုလူဝေးဖြစ်နေခြင်းနဲ့ စွမ်းပကားတွေနဲ့ လျှင်မြန်စွာ တိုင်းတာနိုင်ခြင်းတွေအပါအဝင် အဖွဲ့အစည်းတွေရဲ့ ဝိသေသျလက္ခဏာတွေကို သတ်မှတ်ဖော်ပြထားပါတယ်။ Airbub, Uber, Google တို့လို company ကြီးတွေရဲ့ နယ်ပယ်တွေမှာ အလျင်မြန်တိုးတက်လာပုံတွေကိုလဲ ဥပမာပေး နှိုင်းယှဉ်ဖော်ပြထားပါတယ်။မိတ်ဆွေအနေနဲ့ ဒီဂျစ်တယ်နဲ့ အပြန်လှန်ဆက်နွယ်လုပ်ဆောင်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး roadmap တစ်ခုရရှိလိုတယ်ဆိုရင် လက်တွေ့လုပ်ဆောင်နိုင်တဲ့

(610) Exponential Organizations Read More »

(591) How to Make a New Product Every Day

မိတ်ဆွေက Creator တစ်ယောက်၊ စွန့်ဦးတီထွင်သမားတစ်ယောက် ဒါမှမဟုတ် ပစ္စည်းထုတ်လုပ်သူတစ်ယောက်အနေနဲ့ဆိုရင် ကိုယ့်ရဲ့ စီးပွါးရေးလုပ်ငန်းကို နောက်ထပ် Level တစ်ခုရောက်အောင် လုပ်ချင်တယ်ဆိုရင် “How to Make a New Product Every Day” က စာအုပ်က မိတ်ဆွေအတွက်ပါပဲ။ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို ရေရှည်မှာ ဗျူဟာကျကျ ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက် ဒီစာအုပ်ကို လမ်းညွှန်သဖွယ် အသုံးချနိုင်ပါတယ်။

(591) How to Make a New Product Every Day Read More »

(587) Successful Self-Publishing

Joanna Penn ရေးသားထားတဲ့ “Successful Self-Publishing” ဆိုတဲ့ စာအုပ်ကတော့ ကိုယ်တိုင်ထုတ်ဝေခြင်းလောကကို အောင်မြင်စွာဦးတည်နိုင်ဖို့အတွက် စိတ်ကူးထားတဲ့ စာရေးဆရာများနဲ့ စာရေးဆရာတွေကို လက်တွေ့ကျတဲ့ထိုးထွင်းဉာဏ်နှင့် ဗျူဟာတွေလမ်းညွှန်ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင်တော့ အတွေ့အကြုံရှိ ကိုယ်တိုင်ထုတ်ဝေ စာရေးဆရာနဲ့ စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်တဲ့ Joanna Penn က ကိုယ်တိုင်ထုတ်ဝေခြင်းလုပ်ငန်းစဉ်ရဲ့ ရှုထောင့်အမျိုးမျိုးအတွက် အကြံဉာဏ်များစွာပေးထားပါတယ်။ စာအုပ်တစ်အုပ်ကို ကိုယ်တိုင်ထုတ်ဝေခြင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အဆင့်တွေနဲ့ ဆုံးဖြတ်ချက်ချခြင်းတွေ၊ ရေးသားခြင်းနှင့် တည်းဖြတ်ခြင်းမှစပြီး ဒီဇိုင်း၊ Format ချခြင်းနဲ့ ဖြန့်ဖြူးခြင်းတွေအထိ အဆင့်ဆင့်ဖော်ပြထားပါတယ်။ ဒါ့အပြင် ထိရောက်တဲ့ စာအုပ်စျေးကွက်ရှာဖွေရေး၊ အမှတ်တံဆိပ်ဖန်တီးခြင်းနဲ့ စာဖတ်သူတွေနဲ့ချိတ်ဆက်ရန်အတွက် စာရေးဆရာ Platform တစ်ခု တည်ဆောက်ခြင်းအတွက် မဟာဗျူဟာတွေကိုလဲ သေချာစွာ ဖော်ပြထားတဲ့အတွက် ကိုယ်တိုင်ရေးသားထုတ်ဝေခြင်းလောကအကြောင်းကို ကဏ္ဍစုံလင်စွာ ဖော်ပြထားတဲ့ အဖိုးတန်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

(587) Successful Self-Publishing Read More »

(586) 5 Minutes Publishing Tips

“5 Minutes Publishing Tips” video ကတော့ စာပေထုတ်လုပ်မှုအတွက် လိုအပ်တဲ့ အကြံဉာဏ်တွေနဲ့  နည်းလမ်းတွေကို အချိန်တိုအတွင်း လေ့လာနိုင်ရန်ရည်ရွယ်ထားပါတယ်။ အချိန်တိုတစ်ခုအတွင်း စာအုပ်များကို ထိရောက်စွာထုတ်ဝေနိုင်ရန်အတွက် အထူးသီးသန့်နည်းလမ်းများကို ဖြည့်ဆည်းပေးထားပါတယ်။ စာအုပ်ထုတ်လုပ်ခြင်းတွင် အရေးပါသော အဆင့်ဆင့်များကို အကျယ်တဝင့် ဖော်ပြပေးထားပြီး စျေးကွက်ထဲတွင် အောင်မြင်နိုင်ရန် ကူညီပေးမည်ဖြစ်သည်။ စာပေထုတ်လုပ်ရေးလုပ်ငန်းမှာ ကြုံတွေရမဲ့  စိန်ခေါ်မှုများကို ကျော်ဖြတ်ဖို့အတွက် လိုအပ်တဲ့ နည်းဗျူဟာများကိုလည်း ပြောပြထားပါတယ်။ ဒီ video မှာတော့ “5 Minutes Publishing Tips” ရဲ့ အဓိကအချက်အလက်များကို စိတ်ဝင်စားဖွယ် လေ့လာရမှာ ဖြစ်ပါတယ်။

(586) 5 Minutes Publishing Tips Read More »

(585) Digital Business Models

ဒီစာအုပ်ထဲမှာဆိုရင်တော့ Con Licencia အနေနဲ့ ယနေ့ ဒီဂျစ်တယ်ခေတ်မှာ business model တွေ အဆင့်ဆင့်ပြောင်းလဲလာပုံတွေကို ဖော်ထုတ်ရေးသားဖော်ပြထားပါတယ်။ Digital နည်းပညာတွေအနေနဲ့ ရှိရင်းစွဲ industries တွေကနေ အခွင့်ရေးအသစ်တွေအများကြီးဖန်တီးနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်အောင် ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကိုလဲဖော်ပြထားပါတယ်။ ဒါ့အပြင် Digitalization ရဲ့ အကျိုးသက်ရောက်မှုတွေက ဖောက်သည်တွေရဲ့အပြုအမူတွေအပေါ်၊ economy sharing system အပေါ်နဲ့ အချက်လက်တွေပေါ်ကြည့်ပြီး ဆုံးဖြတ်ချက်ချတဲ့အပေါ် ဘယ်လိုသောက်ရောက်မှုတွေရှိလဲဆိုတာကိုလဲ Case Studies တွေနဲ့အတူ နားလည်ရလွယ်အောင် ရှင်းပြထားပါတယ်။ဆင့်ကဲတိုးတက်ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်ခေတ်မှာ မိတ်ဆွေအနေနဲ့ ကိုယ့်လုပ်ငန်းကို နောက်ကောက်ကျမကျန်ခဲ့စေလိုရင် ဒီစာအုပ်လေးကို ဖတ်ဖို့ အကြံပြုပါတယ်။

(585) Digital Business Models Read More »

(584) The Toilet Paper Entrepreneur

မိတ်ဆွေက ငွေကြေးမရှိလို့၊ ဒါမှမဟုတ် အတွေ့အကြုံမရှိလို့ စွန့်ဦးတီထွင်သမားတစ်ဦးမဖြစ်နိုင်ဘူးလို့ ထင်ထားတာလား။ ဒါဆိုရင်တော့ Dollar ပေါင်း Million ချီတန်တဲ့ Companies တွေကို တည်ထောင်ထားတဲ့ စာရေးသူ Mike Michalowicz ရေးထားတဲ့ “The Toilet Paper Entrepreneur” ကို ညွှန်းပေးချင်ပါတယ်။ဒီစာအုပ်မှာတော့ ကိုယ့်ရဲ့လုပ်ငန်းကို ဘယ်လိုအောင်မြင်အောင် လက်တွေ့ကျကျလုပ်မလဲဆိုတာကို အလုပ်ဖြစ်ပြီးထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖော်ပြထားတဲ့အတွက် Idea ကောင်းတွေကို အကောင်အထည်ဖော်ချင်သူတွေအတွက် ဖြစ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

(584) The Toilet Paper Entrepreneur Read More »

(579) How to Grow Your Small Business

ကိုယ့်ရဲ့ စီးပွားရေးလေးကို ဘယ်လိုမျိုး ကြီးလာအောင်လုပ်ရမလဲ? လုပ်မယ်ဆိုရင်ရော ဘယ်လိုမျိုး challenges တွေရင်ဆိုင်ရလဲ စတဲ့အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတဲ့ insider note ဖြစ်ပါတယ်။

(579) How to Grow Your Small Business Read More »

Toe Tet's Logo