Business

(1050) Abraham 101

Esther Hicks Channel မှ ထုတ်လွှင့်ခဲ့တဲ့ အသိပညာများဖြစ်တဲ့ Abraham ရဲ့ ဆုံးမစကားများကို စိတ်ဝင်စားစွာဖြင့် Abraham 101စာအုပ်တွင် ဆွဲဆောင်မှုဥပဒေ၏ အခြေခံသဘောတရားများကို စူးစမ်းလေ့လာနိုင်ပါသည်။ ဒီစာအုပ်အနေဖြင့် စာဖတ်သူများအား အတွေးများ၊ ယုံကြည်ချက်များနှင့် စိတ်ခံစားချက်များကို ချိန်ညှိခြင်းဖြင့် အိပ်မက်ဆန္ဒများကို ထုတ်ဖော်နိုင်စေရန် လမ်းညွှန်ချက်ပေးနိုင်ပါတယ်…။ ဒါ့အပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းပကားနှင့် ရည်ရွယ်ချက်ရှိရှိနေထိုင်မှုနဲ့ သက်ဆိုင်တဲ့ လမ်းညွှန်ချက်များကိုလည်း ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်…။

(1050) Abraham 101 Read More »

(1049) Build A Money Machine

Building A Money Machine ဆိုတဲ့ စာအုပ်လေးကိုတော့ Mel H. Abraham ရေးသားထားပြီး smart ဖြစ်တဲ့ ငွေကြေးဆိုင်ရာ နည်းဗျူဟာတွေကို အသုံးပြုပြီး ချမ်းသာကြွယ်၀စေနိုင်ဖို့အတွက် financial literacy ရှိဖို့အရေးကြီးကြောင်းနဲ့ ရေရှည်တည်တံ့နိုင်ပြီး အသက်ရှင်ကျန်ရစ်နိုင်တဲ့ ငွေကြေးအနာဂါတ်တစ်ခုတည်ဆောက်နိုင်ဖို့အတွက်ကို လမ်းညွှန်ပြသထားပါတယ်။  အဓိကအားဖြင့် စားသုံးသူတွေမှာရှိရမယ့် စိတ်နေစိတ်ထားကနေ ရင်းနှီးမြှုပ်နှံသူတွေမှာရှိရမယ့် စိတ်နေစိတ်ထားကိုပြောင်းလဲဖို့အတွက် နားလည်ထားရမယ့် ပိုက်ဆံရဲ့တန်ဖိုးနဲ့ ကိုယ့်အတွက် အလုပ်ဖြစ်စေမယ့်နည်းလမ်းတွေကို ဖော်ပြထားတဲ့အပြင် ချမ်းသာကြွယ်၀မှုကိုတည်ဆောက်နိုင်ခြင်းနည်းလမ်းတွေ၊ Financial Literacy ရရှိစေမယ့် နည်းနာတွေ၊ Money Machine တစ်ခု တည်ဆောက်နိုင်ဖို့အတွက် နည်းလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာတွေ၊ passive income ရနိုင်ဖို့ တည်ဆောက်ပုံတွေ၊ ငွေကြေးသုံးစွဲမှုဆိုင်ရာ စိတ်နေစိတ်ထားတွေကို ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။  မိတ်ဆွေအနေနဲ့ အနာဂါတ်ငွေကြေးစနစ်တစ်ခုကိုတည်ဆောက်ပြီး ထိန်းချုပ်နိုင်ဖို့ လက်တွေ့ကျတဲ့

(1049) Build A Money Machine Read More »

(1043) The Ecommerce Formula

“The eCommerce Formula” သည် အီလက်ထရောနစ် စီးပွားရေး (eCommerce) လုပ်ငန်းတစ်ခုကို အောင်မြင်စွာ တည်ဆောက်ဖို့ လမ်းညွှန်ပေးသည့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာအုပ်တွင် အထူးသဖြင့် ထူးခြားသောထုတ်ကုန် တစ်ခုကို ရှာဖွေဖန်တီးခြင်း၊ ရိုးရှင်းသော စျေးကွက်ရှာဖွေရေးစီမံချက် (Marketing Plan) တစ်ခုကို ဖန်တီးခြင်း၊ နှင့် Google SEO မဟာဗျူဟာများ ကို အသုံးပြု၍ လုပ်ငန်းကို အွန်လိုင်းတွင် မြင့်မားစွာ ရပ်တည်အောင် လုပ်ဆောင်နည်းများကို အကြောင်းအရာများနှင့်အတူ ဖော်ပြထားသည်။

(1043) The Ecommerce Formula Read More »

(1037) Net Zero Business Models

Net Zero Business Models ဆိုတဲ့ စာအုပ်လေးကိုတော့ John Montgomery နဲ့ Mark Van Clieaf ရေးသားထားပြီး ယနေ့ခေတ်မှာ အောင်မြင်တဲ့ business models တွေ တည်ဆောက်နိုင်ဖို့အတွက်နဲ့ Carbon-neutral operations ဆီကို ကူးပြောင်းနိုင်စေဖို့အတွက် နည်းလမ်းတွေကို ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် Net Zero Commitment အကြောင်း၊ ရေရှည်တည်တံ့နိုင်တဲ့ business model တွေ တည်ဆောက်နိုင်မယ့်အကြောင်းတွေနဲ့၊ Leadership and Governance အကြောင်း၊ တီထွင်နိုင်စွမ်းအားနဲ့ နည်းပညာအကြောင်းတွေ၊ ရေရှည်တည်တံ့ခိုင်မာခြင်းကနေ အကျိုးကျေးဇူးတွေ ရရှိစေနိုင်တဲ့အကြောင်းတွေကို စနစ်တကျ ရေးသားဖော်ပြထားပါတယ်။

(1037) Net Zero Business Models Read More »

Toe Tet's Logo