(28) Hooked – Nir Eyal

You don't Permission to access this page

ဘာကြောင့် အချို့ကုန်ပစ္စည်းတွေက လူတွေရဲ့ အာရုံစိုက်မှုကို ပိုဖမ်းစားနိုင်တာလဲ? တချို့ Products တွေကရော ဘာလို့ကျွန်တော်တို့ နေ့စဥ်ဘဝရဲ့ အလေ့အကျင့်တွေထဲမှာ ပါဝင်လာတာလဲ?

Nir Eyal ကသူရဲ့အဆင့်(4)ဆင့် ပါဝင်တဲ့ Hook Model နဲ့ ဒီမေးခွန်းတွေကို ဖြေခဲ့ပါတယ်။ အောင်မြင်နေတဲ့ ကုမ္ပဏီအများစုဟာ Hook Model ကို သူတို့ရဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ အသုံးချပြီး ဖောက်သည်တွေရဲ့ အမူအကျင့်တွေကို ​​ပြောင်းလဲပစ်ပါတယ်။ ဒီ Model ကိုသုံးတဲ့အခါ စျေးကြီးပေး ကြော်ငြာစရာ မလိုဘဲ ဖောက်သည်တွေ ကိုယ့်ဆီခဏခဏ ပြန်လာအောင် လုပ်ဆောင်နိုင်ပါတယ်။

စာရေးဆရာဟာ

•ဖောက်သည်တွေရဲ့ အလေ့အကျင့်တွေ တည်မြဲအောင် လုပ်ဆောင်ပုံ

•လူတွေ ကြိုက်နှစ်သက်တဲ့ ကုန်ပစ္စည်းတွေ တည်ဆောက်ပုံအဆင့်ဆင့်

•Habit-Forming Product တချို့ရဲ့ ဥပမာများ

အစရှိတာတွေကို ရေးသားဖော်ပြခဲ့ပါတယ်။

Hooked စာအုပ်ဟာဆိုရင် စာရေးဆရာရဲ့ နှစ်နဲ့ချီတဲ့ စူးစမ်းလေ့လာမှု၊ သုတေသနတွေအပေါ် အခြေခံရေးသားထားပါတယ်။ စာအုပ်ထဲမှာဆိုရင် သီအိုရီတင် မဟုတ်ဘဲ ကောင်းမွန်တဲ့ Product တစ်ခု ဘယ်လို တည်ဆောက်ရမလဲဆိုတာပါ အသေးစိတ် ရေးသားဖော်ပြထားတာကြောင့် Product မန်နေဂျာ၊ ဒီဇိုင်နာ၊ Marketers၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။

 

 

 

Leave a Reply

Toe Tet's Logo