ကျွန်တော်တို့တွေမှာ the Caged Life, the Comfortable Life, the Charged Life ဆိုပြီး ဘဝကိုနေထိုင်ဖို့အတွက် နည်းလမ်း ( ၃ ) ခုရှိပါတယ်။ နည်းလမ်း 3 ခုထဲမှာကိုမှ ကိုယ့်အတွက် စစ်မှန်တဲ့နေရာတစ်ခုမှာ စစ်မှန်တဲ့ခံစားချက်တွေနဲ့ နေထိုင်နေဖို့အတွက်၊ inspired ဖြစ်စေတဲ့ ဘဝတစ်ခုမှာ နေထိုင်နေဖို့အတွက်၊ ကိုယ့်ရဲ့စွမ်းရည်တွေကိုရရှိပြီး ကောင်းမွန်စွာအသုံးပြုနိုင်ဖို့အတွက် The Charged life မှာ ဘယ်လိုနေထိုင်မလဲဆိုတာကို ကောင်းမွန်စွာသိရှိနားလည်ဖို့လိုပါတယ်။
Motivation Speaker တစ်ဦးဖြစ်ပြီး၊ Human Performance တိုးအောင် ကူညီဆောင်ရွက်ပေးနေတဲ့ သူတစ်ဦးဖြစ်တဲ့ စာရေးဆရာ Brendon Burchard ရေးသားထားတဲ့ The Charge ဆိုတဲ့စာအုပ်မှာဆိုရင်တော့ The Charged Life မှာ မိတ်ဆွေတို့ရဲ့ ဘဝတွေကို ကောင်းမွန်စွာပြောင်းလဲနိုင်ဖို့အတွက်၊ ပိုပြီး အသက်ဝင်လာအောင်၊ အစွမ်းအစရှိသလောက် ဆောင်ရွက်နိုင်အောင်၊ ဘဝရဲ့လိုအပ်ချက်တွေကို ဖြည့်စည်းနိုင်အောင် မှတ်သားရလွယ်ကူတဲ့ C 10 လုံးနဲ့ ဖော်ပြထားပါတယ်။
တကယ်လို့ မိတ်ဆွေက ဘဝရဲ့ အရည်အသွေးတွေကို မြှင့်တင်နိုင်ဖို့အတွက် စာအုပ်ကောင်းတစ်အုပ်ကို ရှာဖွေနေတယ်ဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ဘဝမှာလိုအပ်တဲ့ပျော်ရွှင်မှုတွေနဲ့ အောင်မြင်မှုတွေဆီကို ရောက်ဖို့အတွက် တွေးခေါ်ပုံ၊ ခံစားပုံ၊ ပြုလုပ်ဆောင်ရွက်ပုံတွေကို ဖော်ပြထားတဲ့ ဒီစာအုပ်လေးက မိတ်ဆွေအတွက်ပါဘဲ။