Dopamine Nation

ယနေ့လို ခေတ်ခါမျိုးမှာ Dopamine ကို ကျွန်တော်တို့တွေက နေရာတိုင်းမှာလိုလို ထိတွေ့နေကြရပါတယ်။

Dopamine ဆိုတာကတော့ Neurotransmitter တစ်ခုဖြစ်ပါတယ်။ ဆေးသုံးစွဲခြင်းတွေ၊ လောင်းကစားတွေ၊ အစားအစာတွေ၊ ဂိမ်းကစားခြင်းတွေ၊ Social Media အသုံးပြုခြင်းတွေ အစရှိသဖြင့် ကျွန်တော်တို့တွေက နေရာများစွာကနေ dopamine ကို ရရှိနေပါတယ်။

ကျွန်တော်တို့အနေနဲ့ ကိုယ့်ဖြစ်ချင်တာတွေ အလွယ်တကူဖြစ်နေနိုင်တဲ့ ဒီလိုခေတ်ကြီးထဲမှာ မျှချေအခြေအနေတစ်ခုကို ဘယ်လိုမျိုးရှာဖွေမလဲဆိုတာသိထားဖို့လိုပါတယ်။

နေ့စဉ်ဘဝဖြတ်သန်းမှုတွေကနေ ကျွန်တော်တို့အနေနဲ့ စိတ်ကျေနပ်မှု ( Pleasure ) ရရှိနိုင်သလို၊ နာကျင်မှု ( Pain ) လဲရရှိနိုင်ပါတယ်။ ဒီနှစ်ခုကြားထဲမှာ ဘယ်လို balance ဖြစ်အောင်နေရမလဲဆိုတာကိုလဲ သိရှိဖို့အတွက်လိုပါတယ်။

Dr. Anna Lembke ရေးသားထားတဲ့ Dopamine Nation ဆိုတဲ့စာအုပ်ထဲမှာဆိုရင်တော့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ Pleasure ကိုရှာဖွေနိုင်ဖို့အတွက် Pain နဲ့ Pleasure ကြားမှာ ဘယ်လိုမျှချေဖြစ်အောင် နေထိုင်မလဲဆိုတဲ့အကြောင်းတွေ၊ Pain ကို ဘယ်လိုရှာဖွေကြလဲ၊ Pleasure ကို ဘယ်လိုရှာဖွေကြလဲဆိုတဲ့အကြောင်းတွေ၊ Self-binding ပြုလုပ်နိုင်မယ့်နည်းလမ်းတွေကို စနစ်တကျ ရေးသားဖော်ပြထားတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် အလွယ်တကူ အလိုလိုက်နိုင်တဲ့ခေတ်ကြီးထဲမှာ မျှချေအခြေအနေတစ်ခုကိုရှာတွေ့ဖို့အတွက်ဆိုရင်တော့ ဒီစာအုပ်လေးက မိတ်ဆွေတို့အတွက်ပါဘဲ။

Leave a Reply

Toe Tet's Logo